Nov 18 မှာတော့ တိုအချစ်ဟောင်းလေး Song Joong Ki ပါ၀င်တဲ့ Reborn Rich ဇာတ်လမ်းတွဲသစ်လေးကို Jtbc က ဒီညလွှင့်ပါပြီ Netflix ကပါထပ်၀ယ်ထားတာပါနော်
အိုပါးက သေရွာကနေ တဖန်အသက်ပြန်ရှင်ပြီး သားဖြစ်သူခန္ဓာကိုယ်နဲ့ သူ့ကိုသတ်ခဲ့တဲ့သူဌေးမိသားစုကို အကြမ်းစားကလဲ့စားချေပြတော့မှာပါ
ဇာတ်လမ်းအကျဥ်း
Yoon Hyun Woo (Song Joong Ki)က စီးပွားရေးလောကကိုဦးဆောင်တဲ့ လုပ်ငန်းစုကြီး Soonyang Group မိသားစုမှာ ၁၀ နှစ်ကြာ လူယုံအတွင်းရေးမှူးအဖြစ်သစ္စာရှိရှိအလုပ်လုပ်ခဲ့ပါတယ်
ဒါပေမဲ့ တစ်နေ့မှာအလွဲသုံးစားလုပ်မှုနဲ့ သူဌေးမိသားစုဆီက
အကွက်ကျကျချောက်ချခံရပြီး အသတ်ခံလိုက်ရပါတယ်
သေသွားခဲ့ပေမဲ့ အံ့ဩဖိုကောင်းစွာနဲ့ ပြန်နိုးထလာပြီး
သူ့ဝိညာဥ်က Soonyang Group CEO Jin Yang Cheol ရဲ့အငယ်ဆုံးသားလေး Jin Do Joon ခန္ဓာကိုယ်ထဲရောက်နေခဲ့ပါတော့တယ်
အဖြစ်အပျက်တွေအားလုံးကို မှတ်မိနေတဲ့ Jin Do Joon တစ်ယောက် .. သူ့ကိုသတ်ခဲ့တဲ့ ဂျင်မိသားစုကို ကလဲ့စားပြန်ချေဖိုဆုံးဖြတ်လိုက်ရာက ..
“Soonyang Group Grim Reaper”လို လူသိများတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲက အမှုစစ် Seo Min Young (Shin Hyun Bin) နဲ့ လက်တွဲပြီး
ငွေကလွဲရင် ဘာမှမမြင်တဲ့ CEO ကို သူ့အငယ်ဆုံးသားလေးနေရာကနေ ဘယ်လိုအစီအစဥ်တွေနဲ့ အကွက်ကျကျ ပြန်ကလဲ့စားချေနိုင်မလဲဆိုတာ ..
ရင်တအေးအေးနဲ့ အိုပါးရဲ့ ဇာတ်ရုပ်နှစ်မျိုးကို တလှည့်စီစောင့်ကြည့်ရမယ့် come back series လေး ဖြစ်ပါတယ်
အပိုင်း ၁၆ ပိုင်းပါတဲ့ ဒီ revenge series လေးကို အပတ်
စဥ် Fri Sat Sun တိုင်းတစ်ပတ်မှာသုံးရက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး Mm-film က အချောလေးတွေကဘာသာပြန်ပေးသွားမှာမို စောင့်ကြည့်ပေးကြပါဦးရှင်
Reviewed by Hana
Translated by Hsu Htet , Channel , Hana , Mona , Rhea