ဒီတခေါက်မိတ်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ Again my lifeဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားဟာဆိုရင် နာမည်ကြီး webtoon ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Fantasy,crime,mystery, dramaအမျိုးအစားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းလေးကတော့ Kim Hee Wooဟာဆိုရင် ကျောင်းမှာအဆင့်မကောင်းတဲ့ကျောင်းသားလေးဖြစ်ပေမဲ့ ကြိုးစားမှုကြောင့် တက္ကသိုလ်ကိုဝင်ခွင့်ရခဲ့ပြီးနောက်ဆုံးမှာတော့ ရှေ့နေစာမေးပွဲကိုပါအောင်မြင်သွားခဲ့ပါတယ် သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုကြောင့် အမှုလိုက်ရှေ့နေတယောက်ဖြစ်လာခဲ့ပေမဲ့လည်း အာဏာပါဝါရှိတဲ့နိုင်ငံရေးသမား Jo Tae Seobဆိုသူနဲ့ပတ်သတ်ဆက်နွယ်နေတယ်လို့သံသယရှိတဲ့ အကျင့်ပျက်ခြစားမှုကိုစုံစမ်းစစ်ဆေးရင်း အမည်မသိသူတယောက်ရဲ့သတ်တာကိုခံလိုက်ရပါတယ်
ဒါပေမဲ့သူဟာ မသေသွားပဲ ဒုတိယဘဝအနေနဲ့ အတိတ်ကအသက်နှစ်ဆယ်အရွယ် တက္ကသိုလ်ကျောင်းသားဘဝကိုပြန်ရောက်သွားခဲ့တဲ့အခါ… သေရွာကနေပြန်လာတဲ့အမှုလိုက်ရှေ့နေKim Hee Wooတယောက် နောက်တဖန်ရှင်သန်ဖို့အခွင့်အရေးရခဲ့တဲ့ဒုတိယဘဝမှာတော့ အရင်ကထက်ပိုမိုသန်မာအောင်ကြိုးစားရင်း ပထမဘဝကသူမအောင်မြင်ခဲ့တဲ့ ပန်းတိုင်ကိုဘယ်လိုအောင်မြင်အောင်လုပ်မလဲ…တရားမျှတမှုကိုဘယ်လိုပြန်ရယူမလဲဆိုတာကိုမင်းသားLee Joon Giရဲ့ပြီးပြည့်စုံတဲ့သရုပ်ဆောင်စွမ်းရည်နဲ့ ဘယ်လိုပြောင်မြောက်အောင်သရုပ်ဖော်သွားမလဲဆိုတာကိုတော့ အပတ်စဥ်သောကြာနဲ့စနေနေ့တိုင်း MmFlim-Dramaမှာ စောင့်မျှော်ကြည့်ရှုနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်နော်
Translated by Hsu Htet, Channie ,Hanna ,Mona ,Rhea
Encoded by Aye Chan
Resolution : : 480P & 1080P