ဒါလေးကတော့ Indian Malayalam ဘာသာစကားပြော Crime drama ကားလေးပါ။ ဇာတ်လမ်းတည်ဆောက်ပုံ လှည့်ကွက်ယူထားပုံတေတွက တစ်ကားလုံးကိုမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။
ဇာတ်လမ်းအကျဥ်းကတော့ တာ၀န်ချိန်အတွင်း မတော်တဆမှုတစ်ခုကြောင့် တာ၀န်ကရပ်ဆဲခံရတဲ့ SI အာနန် အပါအ၀င် သူ့ရဲ့ငယ်သားသုံးယောက်ရဲ့ အလလုပ်အပေါ် အင်အားစိုက်ထုတ်မှု အလေးထားမှုကိုသိတဲ့ အထက်အရာရှိက လွန်ခဲ့တဲ့ ၆ နှစ်က ဖြစ်ပွားခဲ့တဲ့ အဖွဲများစွာစစ်လိုမပေါ်ခဲ့တဲ့ လူသတ်မှုတစ်ခုကို စစ်ဆေးပိတ်သိမ်းဖို တာ၀န်ပေးလိုက်ပါတယ်။ နာမည်ဆိုးရှိထားတဲ့ အရာရှိတသိုက်နဲ့ ရဲဆို truma ၀င်နေတဲ့ ရွာသားတွေကြား …အရာရှိအာနန်တစ်ယောက် အစရှာမရတဲ့အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စိတ်၀င်စားစရာကောင်းအောင် တွေ့မြင်ရမှာပါ။
Crime Investigation စစ်စစ်ကို ခပ်ငြိမ်ငြိမ်နဲ့ အဆုံးထိမငြီးငွေ့အောင်ဆွဲခေါ်သွားနိုင်တဲ့ကားလေးပါ။ ရှုစားကြပါဦး။
Translated & Reviewed by Ariel
Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်