Switch Mode
Home Avatar
Avatar
Rating 7.8
Trailer
Bookmark
Followed 23 people

Avatar

Watch full episodes Avatar, download Avatar english subbed, Avatar eng sub, download Avatar eng sub, stream Avatar at MMFILM.
Status: Completed Released: 18 Dec 2009 Duration: 162 min Country: , Type: Movie Director: Casts: , , , Posted by: admin Released on: Updated on:
Watch streaming Avatar English Subbed on MMFILM. You can also download free Avatar Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, Avatar on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis Avatar

Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… Avatar က ၁၆၃ မိနစ် (၂ နာရီနဲ့ ၄၃ မိနစ်) ကြာတဲ့ဇာတ်ကား။ နည်းနည်းလေး ပျင်းဖိုကောင်းအောင်ကြည့်ရတာကလွဲလို ကြည့်ရှုသူတွေကို ဖမ်းစားထားနိုင် လောက်အောင် ဒါရိုက်တာက လက်စွမ်းပြထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလိုခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလိုခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလိုခေါ်မလား သူတိုနေကြတယ်။သူတိုတွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လိုကောင်းအောင်တချိုတွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့်ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေတရားမွေ့လျော်ရာ နေရာမျိုးတွေပေါ့။ သစ်ပင်တွေ၊ ပန်းမာလ်တွေ၊ ကျေးငှက်သာရကာတွေနဲ့သိပ်ပျော်မြူးဖိုကောင်းတဲ့နေရာပေါ့။ဒါရိုက်တာကတော့ အမေရိကန်မို သူ့စိတ်ကူးထဲက အရုပ်တွေ၊ အကောင်တွေဖန်တီးတာပေါ့လေ။ကြည့်လိုကောင်းအောင်လည်း ရုပ်ရှင်ပညာနဲ့ ဂရပ်ဖ်ဖစ်နဲ့ လုပ်လိုက်တာပေါ့။အဲဒီနာဗီတွေနေတဲ့ဆီမှာ ကမ္ဘာစွမ်းအင်အတွက် လိုအပ်တဲ့ဓာတ်သတ္ထုတစ်မျိုးက ထွက်တယ်။ကမ္ဘာစွမ်းအင်လိုအပ်ချက်အတွက် အဲဒီသတ္ထုထုတ်ယူဖိုလိုတယ်။ဒီတော့ လူသားတွေပီပီ ကြံဆကြိုးစားကြရင်းအမေရိကန်မရင်းတပ်ဖွဲဝင်ဟောင်း(အခုတော့ အောက်ပိုင်းမသန်ဖြစ်နေတဲ့ မင်းသား)ကအဲဒီ နာဗီအဖြစ် အသွင်ပြောင်းရတယ်။ Jake လိုခေါ်တဲ့ မင်းသားကိုသေတ္တာထဲထည့် ခလုတ်နှိပ်လိုက်ရင် သူက နာဗီဖြစ်သွားတာပဲ၊ ပြန်ခေါ်ချင်ရင်ခလုတ်ပိတ်လိုက် လူပြန်ဖြစ်လာတယ်။Jake က လူအဖြစ်ကနေ နာဗီဖြစ်နိုင်လို Avatar လို ဇာတ်ကားနာမည်ပေးတာပဲ။ Jack က နာဗီဖြစ်ဖြစ်သွားပြီး၊ နာဗီဘုရင်ကြီးရဲ့သမီးတော် နေတရီ နဲ့ ကြိုက်သွားရောဆိုပါတော့။ဒီတော့ ဒီဘက်က သတ္ထုတွေ လိုချင်တဲ့သူတွေကနာဗီတွေကို အပြတ်ရှင်း၊ နာဗီဒေသမှာရှိတဲ့ သတ္ဌုတွေ ယူပေါ့။မင်းသားက လူကနေ ခဏ ခဏ နာဗီဖြစ်ပြီးတဲ့အခါ ဒီစီမံကိန်းကြီးကိုလုပ်နေတဲ့သူတွေက နာဗီတွေရဲ့ လမ်းကြောင်းတွေ၊ အနေအထားတွေကိုအကုန်မှတ်တမ်း ယူထားတယ်။ တစ်ချိန် သူတိုဆော်မယ်လေ။Jack က နာဗီဖြစ်လာတော့ နာဗီတွေ အေးအေးဆေးဆေး နေတာ၊ သဘာဝတရားနဲ့အလွမ်းသင့်အောင်နေတာ၊ သစ်ပင်တွေမှာ အသက်ရှိတာ၊ အသက်ရှုတာ၊ မျိုးပွားတာတွေကို သိလာတယ်။သဘာဝကြီးဟာ သူ့ဟာသူ သိပ်လှနေတယ်၊ လူတွေ လောဘဇောတက်ကုန်လိုသာကမ္ဘာကြီး ပျက်စီးလာတာ၊ အခုလည်း နာဗီတွေကို အပြတ်ရှင်းဖိုလုပ်နေပြီ။ဒီဇာတ်ကားမှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ပြောဆိုသတိပေးမှုလေးတွေ ထည့်ထားတာပါတယ်။လူနဲ့သဘာ၀ သမူဟဖြစ်မှ၊ သတ္တဝါနဲ့ ပတ်ဝန်းကျင် သဟဇာတဖြစ်မှပျော်ရွှင်စရာကမ္ဘာဖြစ်မယ်ဆိုတာကို မီးမောင်းထိုးပြထားတယ်။လူတွေရဲ့ အတောမသတ်တဲ့လောဘနဲ့ ဒေါသ၊ အတ္တ၊ မာနတွေကိုလည်း ပေါ်လွင် အောင်ရိုက်ပြနိုင်လို ဒါရိုက်တာကို ချီးကျူးရမှာဖြစ်ပါတယ်။ဇာတ်ကားအဆင့်ကိုလည်း 12 A လို သတ်မှတ်ထားပါတယ်။နောက်ဆုံးတော့ ဇာတ်သိမ်းလိုက်ရင် ကောင်းတဲ့လူတွေသာနောက်ဆုံးမှာ အောင်ပွဲခံတယ်ဆိုတာကို ဒါရိုက်တာဂျိမ်းစ်ကင်မရွန်းကပြသွားပါတယ်။ လူအများနှစ်သက်တဲ့ဇာတ်သိမ်းမျိုးနဲ့ပဲ ဒါရိုက်တာက ဇာတ်လမ်းကို သိမ်းလိုက်ပါတယ်။

 

Translated by – Nezu

Encoded by – Nezu

Watch Avatar

Ep
Title
Release Date