IMDP rating 5.9 ရရှိထားတဲ့ ကိုရီးယား မှုခင်းဇာတ်လမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီလိုမျိုး ဆုပေါင်းများစွာကိုလည်းရရှိထားပြီးတော့ အရမ်းမှကြည့်လို့အရသာရှိတဲ့ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင် သာမန်မတော်တဆမှုတစ်ခုကနေစခဲ့တယ်လို့ပဲဆိုရမှာပါ။ စောင့်ကြည့်ကင်မရာရှားပါးတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ မျက်နှာချင်းဆိုင်ကားနှစ်စီးတိုက်မိခဲ့ရာမှာတော့ တစ်ဖက်လူကတော့ သေဆုံးသွားခဲ့ပြီး ကျန်တဲ့သူကတော့ ၂ နှစ်ကြာ ကိုမာဝင်နေခဲ့ပါတယ်။
မှုခင်းကြားနာမှုရဲ့နောက်ဆုံးရလဒ်က မတော်တဆမှုမှာအပြစ်ရှိသူအနေနဲ့ သေဆုံးသွားတဲ့သူကိုစီရင်ချက်ချလိုက်ကြပါတော့တယ်။ သေဆုံးသွားတဲ့သူရဲ့ ဇနီးသည် ဟီဂျူကတော့ တစ်ယောက်တည်းဘဝကိုကြိုးစားရုန်းကန်နေရပါတယ်။ ရုတ်တရက် ကိုမာဝင်နေတဲ့သူက မတော်တဆမဖြစ်ခင် ကိုယ်ကိုကိုယ်သေကြောင်းကြံစည်ဖို့ဆန္ဒရှိခဲ့ကြောင်းသိလိုက်ရတဲ့အခါမှာတော့ သူမယောင်္ကျားအပြစ်မရှိနိုင်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ အမှုကိုပြန်လည်စုံစမ်းဖို့ ဘက်ပေါင်းစုံကနေကြိုးစားလာတဲ့အခါမှာတော့…
မှုခင်းဇာတ်ကားဖြစ်သည့်အလျောက် ပရိသတ်တို့ရဲ့စဉ်းစားတွေးခေါ်နိုင်မှုကိုအဆုံးထိညှစ်ထုတ်ရအောင်ရိုက်ကူးထားပါတယ်။
မှုခင်းတွေကိုမှစိတ်ဝင်စားတဲ့သူတွေ ၊ ကိုယ်ဉာဏ်ဘယ်လောက်ကောင်းပြီး ဘယ်လောက်တွေးခေါ်နိုင်လဲဆိုတာ သိချင်ရင်တော့ Black Light ဆိုတဲ့ကိုရီးယား မှုခင်းဇာတ်ကားလေးကို ကျွန်တော်တို့ mmfilm ကနေဝင်ရောက်ကြည့်ရှုလိုက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။
-=-=-=-=-=-=-=-=-
Translated & Review By Jimm
Encoded By PULP
Resolution – 1080P , 720P , 480P
Size – 1GB , 700MB , 500MB
-=-=-=-=-==-=