အခုတင်ဆက်ပေးမဲ့ကားကတော့ Detective Dee and the ghost ship ဖြစ်ပါတယ်
ရှေးနှစ်ပေါင်းများစွာကတည်းက ဒဏ္ဍာရီလာတစ္ဆေသင်္ဘောကြီးတစ်စင်းအကြောင်းကိုအခြေတည်ပြီး မကောင်းဆိုးဝါးတွေဆိုးမိုးပြီးဖြတ်သွားသမျှလူတွေပျောက်ဆုံးတဲ့အမှုတစ်ခုကိုစုံစမ်းဖော်ထုတ်တဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါ။
ဇာတ်လမ်းအစမှာDetective Dee ဟာ သူ့ရဲ့ဖခင်ဖြစ်သူနဲ့အတူ သူနဲ့စေ့စပ်ထားတဲ့မိန်းကလေးရှိရာမြို့ကိုလာခဲ့ပေမဲ့ ရောက်တဲ့အခါမှာ မကောင်းဆိုးဝါးတွေသောင်းကျန်းနေပြီးလူတွေပျောက်ဆုံးနေတဲ့ဖြစ်စဥ်နဲ့ရင်ဆိုင်ရပါတယ် ထိုပျောက်ဆုံးနေသူတွေထဲမှာ ေစ့စပ်ထားတဲ့မိန်းကလေးရဲ့ဖခင်ပါ ပါနေတာကြောင့် လိုက်လံစုံစမ်းရင်း မီကျင်ဘုရားကျောင်းတစ်ခုကနေစတင်တယ်ဆိုတာသိသွားပြီး တစ္ဆေသင်္ဘောပေါ်အထိရောက်သွားခဲ့ပါတယ် ဒီလိုနဲ့အမှုတွေတိုင်းမှာပါဝင်ပတ်သက်နေတဲ့နယ်ခြားစောင့်အဘိုးကြီးဘယ်သူလဲဆိုတာ ဖော်ထုတ်ဖို့ဖြစ်လာပါတယ် …..
ကဲ ဘယ်လိုတွေစုံစမ်းဖော်ထုတ်မလဲ မကောင်းဆိုးဝါးတွေကရောတကယ်ပဲလား မီကျင်ဘုရားကျောင်းထဲမှာရောဘာတွေပက်သက်နေမလဲ နောက်ဆုံးနယ်ခြားစောင့်အဘိုးကြီးကဘယ်သူလဲဆိုတာကိုရောဘယ်လိုဖော်ထုတ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါရှင် (စုံထောက်ကားဆိုပြီးအမှုလိုက်ဖော်ထုတ်ရင်းပျင်းနေမယ်လို့တော့မထင်လိုက်ပါနဲ့ ပေါ့ပေါ့ပါးပါးနဲ့ဟာသနှောတဲ့ဇာတ်ကွက်လေးတွေပါရောထားတာမို့ ဘာသာပြန်ရင်းတောင်မပျင်းရပါဘူး ဆိုတော့ကြည့်တဲ့သူတွေလည်းရိုးအီမနေမှာအသေအချာပါပဲရှင်)
Translated by Hsu Htet
Encoded by Aye Chan