နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်တဲ့
လီယိုနာဒို၊ ဂျနီဖာ လောရင့်စ် ၊ ကိတ် ဘလက်ချက်ထ် တို့အပြင်
ဧည့်သည်တစ်ယောက်ဆောင်အဖြစ် အယ်ရီနာဂရန်ဒီ နဲ့ ခရစ်အီဗန်တို့ကလည်းပါဝင်သရုပ်ဆောင်ထားတဲ့
သဘာဝဘေးအန္တရာယ်ကပ်ဆိုက်လာတာကိုဖြေရှင်းရင်
ဟာသတွေရောနှောကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ
လီယိုနာဒိုက နက္ခတ်ဗေဒပညာရှင် ဒေါက်တာ ရန်ဒေါ်လ်အဖြစ်
ဂျနီဖာလောရင့်စ် က ဒေါက်တာရန်ဒေါလ်ရဲ့တပည့် ဒီဘီယာစကီအဖြစ်သရုပ်ဆောင်ထားပါတယ်
ဒီဘီယာစကီဟာ သူ့ရဲ့Ph:D ဒေါက်တာဘွဲ့အတွက်ဂြိုလ်အကြောင်းတွေကိုလေ့လာစောင့်ကြည့်နေရင်းတစ်နေ့မှာ
ထူးဆန်းတဲ့ဥက္ကာပျံကိုတွေ့ရှိခဲ့ပါတယ်
အစပိုင်းတွေ့ရှိမှာက အံ့သြစရာကောင်းပေမဲ့နောက်ပိုင်းနက္ခတ်ဆိုင်ရာ
တွက်ချက်နည်းနဲ့တွက်ချက်လိုက်တဲ့အခါမှာတော့ကမ္ဘာကိုအန္တရာယ်ပေမဲ့ဥက္ခာခဲဖြစ်နေပါတယ်
ဒါကြောင့်သူတို့က အမေရိကန်သမ္မတကိုပြောပြလိုက်တဲ့အချိန်မှာ
အမေရိကန်သမ္မတ က အာဏာရှိသယောင်ယောင်နဲ့မရှိပါဘူး
ပြီးတော့ သမ္မတအတွင်းရေးမှူးကလည်းသမ္မတရဲ့သား…
ဒါကြောင့်သမ္မတတို့ကသူ့တို့အလိုကိုလိုက်ပြီးဖြေရှင်းပေးမလား
သူတို့ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ
ဥက္ကာခဲကရောကမ္ဘာမြေပေါ်ကျရောက်လာနိုင်မလား စတဲ့အတွေးပေါင်းစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်
ပြီးတော့ ခုဇာတ်လမ်းက အချစ် ၊ ဟာသ ၊ ဝမ်းနည်းမှု ၊ပြဿနာဖြေရှင်းပုံအပြင် ဘေးအန္တရာယ်ကပ်ဆိုးရဲ့ ရင်ထိတ်စရာအဖြစ်တို့ကို
ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဘဲဖြစ်ပါတယ်
ဒါကြောင့်ဟာသကောင်းလေးတွေကိုကြည့်ချင်တဲ့ပရိသတ်တွေတွက်လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါနော်
-=-==-=-=-=-=-=-=-=-==-=-=-==-=-=
Translated & Review By Hnin Hsu Lwin
Encoded By PULP
Resolution – 1080P, 480P
Size – 1GB , 300MB
-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=