G20
လတ်တလောကမှ ထွက်ရှိထားတဲ့ G20 ဆိုတဲ့ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
G20 ဆိုတာကတော့ အဖွဲ့နိုင်ငံ ၂၀ နဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်
ဇာတ်ကားလေးက IMDB Rating အနေနဲ့ 5.1 ရရှိထားတာဖြစ်ပြီးတော့ Rotten Tomatos ကတော့ 56% ရှိပါတယ်
ဇာတ်ဆောင်ကတော့ DC မှာ အမန်ဒါ ဝေါ်လာအနေနဲ့ လူသိများတဲ့ မင်းသမီးကြီး Viola Davis (ဒန်နီရယ်) ကသရုပ်ဆောင်ထားတာဖြစ်ပြီးတော့ ထုတ်လုပ်သူတွေထဲမှာလည်း ပြန်လည်ပါဝင်ထားတာကိုတွေ့ရပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်သမ္မတဖြစ်တဲ့ ဒန်နီရယ်တစ်ယောက် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုဘေးကနေ ရှောင်ရှားဖို့ ဒစ်ဂျစ်တယ်ငွေကြေးကို ညီလာခံတစ်ခုမှာ မိတ်ဆက်နေတာဖြစ်ပါတယ်
အဲအချိန်မှာ ညီလာခံကို အကြမ်းဖက်သမား ရက်ဒ်လစ်ဂျ် ဦးဆောင်တဲ့ အုပ်စုက သိမ်းလိုက်ပါတယ်
သိမ်းပြီး ဒစ်ဂျစ်တယ်ငွေကြေးကို မယုံဖို့ Bitcoin ကိုသာ ဝယ်ကြဖို့တစ်ကမ္ဘာလုံးကိုပြောလိုက်ပါတယ်
သူ ညီလာခံကို ဘာကြောင့်သိမ်းလိုက်ရတာလဲ၊ နောက်ကွယ်ကဘာရည်ရွယ်ချက်ရှိလို့လဲ၊ အတွင်းလူကရော ဘယ်သူလဲဆိုတာနဲ့
လက်ရှိကမ္ဘာ့ငွေကြေးတွေအကြောင်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
Translated & Reviewed by Phoenix
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်