ဒီတစ်ခါတော့ ငရဲသား Hell Boyကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းပုံစံကတော့
မှုခင်း ကိစ္စတွေမှာ လူတွေ လုပ်တာမဟုတ်ပဲ
မကောင်းဆိုးဝါး နှင့် အခြား သတ္တဝါ ပေါင်းစုံ တို့ ဖန်တီးနေသော အမှုတွေကို
သက်သက် ဖြေရှင်းဖို့အတွက် အစိုးရမှာ လျို့ဝှက်အဖွဲ့အစည်းတစ်ခု ရှိနေပြီး
ထို အဖွဲ့အစည်းမှ ဆရာဝန် တစ်ဦးဟာ ငရဲတံခါး ပွင့်ချိန် ကမ္ဘာပေါ်ကို
ရောက်ရှိလာတဲ့ ငရဲသားလေး တစ်ယောက်ကို ကောက်ယူ မွေးစားခဲ့ပါတယ်
ထို ငရဲသား အရွယ်ရောက်လာသော အခါ လူသား အစိုးရအဖွဲ့အစည်းနဲ့ ပူးပေါင်းကာ
လူသားတွေ မဖြေရှင်းနိုင်တဲ့ အသက်စွန့် တိုက်ခိုက်ရတဲ့ အလုပ်တွေမှာ ပါဝင်ဖြေရှင်းပေးခဲ့ပါတယ်..
ဒီ Hell Boy ဇတ်ကားဟာ ၂၀၀၄ ခုနှစ် ဖြစ်လို့ မကြည့်ဖူးသူ မရှိသလောက်ဆိုပေမယ့် ပြန်ကြည့်ရင်လည်းကြည့်လို့ကောင်းမယ့်ကားဆိုတာမမှားပါဘူးနော်…..
Translated by – Nezu
Encoded by – Nezu