Switch Mode
Home Mouse
Mouse
Rating 8.5
Trailer
Bookmark
Followed 1 people

Mouse

Watch full episodes Mouse, download Mouse english subbed, Mouse eng sub, download Mouse eng sub, stream Mouse at MMFILM.
Mauseu
Status: Ongoing Network: Released: Mar 3, 2021 - May 12, 2021 Duration: 1 hr. 25 min. Country: Type: Drama Episodes: 20 Director: , Casts: , , , , , Posted by: admin Released on: Updated on:
Watch streaming Mouse English Subbed on MMFILM. You can also download free Mouse Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, Mouse on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis Mouse

ဒီတစ်ခါတော့ True Beauty အစားလာမယ့် Mouse ဆိုတဲ့ ဒရာမာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဆိုက်ကိုပါ့သ်လူသတ်သမားနဲ့ ကြုံတွေ့ရတဲ့ ရဲအရာရှိနှစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။

Jung Ba Reum (Lee Seung Gi) ဟာ ရဲအရာရှိပေါက်စလေးဖြစ်ပြီး လူအများကို ကူညီရတာကို ပျော်ရွှင်တဲ့သူပါ။ ရပ်ကွက်သူရပ်ကွက်သားတွေကို အမြဲကူညီတတ်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို အမြဲစောင့်ရှောက်ပြီး သူတို့ရဲ့ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးလေ့ရှိပါတယ်။ ဒီဖော်ရွေတတ်တဲ့ ရဲသားလေးဟာ တစ်နေ့မှာတော့ ဆိုက်ကိုပါ့သ် လူသတ်သမားနဲ့တွေ့ပြီး ဘဝကြီးက တစ်ဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်။

Go Moo Chi (Lee Hee Joon) ကတော့ အသတ်ခံရတဲ့မိဘတွေအတွက် ကလဲ့စားချေဖို့ရဲဖြစ်လာသူပါ။ သူ့ရဲ့ကြမ်းတမ်းတဲ့စရိုက်ကြောင့် ရဲထက် လူဆိုးနဲ့ပိုတူနေတတ်ပါတယ်။ ဒါပေမဲ့ သူမတူတဲ့စွမ်းရည်နဲ့ထက်မြက်မှုတွေကြောင့် စခန်းမှာ ရာဇဝတ်သားအများဆုံးဖမ်းပေးထားတဲ့စုံထောက်ပါ။ ဒါပေမဲ့ ရာထူးတိုးကို ငြင်းဆန်လေ့ရှိပြီး သူ့မိဘတွေကိုသတ်ပြီး ထောင်ကျနေတဲ့ လူကိုပဲ လက်စားချေချင်နေသူပါ။ သားရဲလို့ အမည်ရတဲ့ ဆိုက်ကိုပါ့သ်လူသတ်သမားကို ဖမ်းဖို့ ကိုယ့်ကိုယ့်ကို မကောင်းဆိုးဝါးအဖြစ်ခံနိုင်တဲ့ ရဲပါ။

Oh Bong Yi (Park Ju Hyun) ကတော့ တိုက်ရည်ခိုက်ရည်ရှိတဲ့ အထက်တန်းကျောင်းသူလေးပါ။ အဖွားဖြစ်သူနဲ့နေပြီး စိတ်ထဲရှိတာကို ဘွင်းဘွင်းပြောတတ်တဲ့သူပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကဖြစ်ခဲ့တဲ့ ကိစ္စလေးတစ်ခုကြောင့် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ အမြဲကြိုးစားနေတဲ့သူပါ။ အမြဲလိုလို အသင့်အနေထားနဲ့ရှိနေပြီး ကျောင်းလွယ်အိတ်ထဲ လက်နက်အစုံထည့်သွားတတ်ပါတယ်။

Choi Hong Joo (Kyung Soo Jin) ကတော့ OBN ရုပ်သံလိုင်းက နာမည်ကြီးသတင်းထောက်ပီဒီပါ။ သူမဟာ တိကျတဲ့သတင်းတွေကို အသေးစိတ်ကျတဲ့အချက်အလက်တွေဖြင့် တင်ဆက်ပေးမှုကြောင့် နာမည်ကြီးပါတယ်။ သတင်းတွေရဖို့ ရဲစခန်းတွေကို ဝင်ထွက်သွားလာလေ့ရှိပြီး သူမရဲ့အာရုံကို ဆိုက်ကိုပါ့သ်လူသတ်သမားက ဖမ်းစားထားပါတယ်။ သူမဟာလည်း လျှို့ဝှက်ချက်အပြည့်နဲ့ ကာရိုက်တာတစ်ဦးပါ။

ဒီကားလေးကတော့ လျှို့ဝှက်သည်းဖိုဇာတ်လမ်းဖြစ်ပြီး စိတ်ဝင်စားစရာတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ကားကောင်းလေးဖြစ်မှာပါ။ ဆိုက်ကိုပါ့သ်ကို မိခင်ဗိုက်ထဲမှာတည်းက မျိုးရိုးဗီဇအရခန့်မှန်းနိုင်သလား။ အဲ့လိုခန့်မှန်းနိုင်ခဲ့ရင် ဒီကလေးကို ဆိုက်ကိုပါ့သ်မဖြစ်အောင် ဘယ်လိုမွေးမြူကြမလဲဆိုတဲ့ concept ကို ထည့်သွင်းရိုက်ကူးထားတယ်လို့ သိရပါတယ်။