Switch Mode
Peaky Blinders (Season 5)
Rating 8.8
Trailer
Bookmark
Followed 2 people

Peaky Blinders (Season 5)

Watch full episodes Peaky Blinders (Season 5), download Peaky Blinders (Season 5) english subbed, Peaky Blinders (Season 5) eng sub, download Peaky Blinders (Season 5) eng sub, stream Peaky Blinders (Season 5) at MMFILM.
Status: Completed Released: 30 Sep 2014 Duration: 60 min Country: Type: Drama Episodes: 6 Director: Casts: , , , Posted by: admin Released on: Updated on:
Watch streaming Peaky Blinders (Season 5) English Subbed on MMFILM. You can also download free Peaky Blinders (Season 5) Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, Peaky Blinders (Season 5) on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis Peaky Blinders (Season 5)

အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲတွေကို ပြောကြမယ်ဆိုရင်

Peaky Blinders စီးရီးကိုလည်း ထည့်ပြောရမှာပါပဲ။

ဒီဇာတ်လမ်းကတော့ ဂန်းစတားဇာတ်လမ်းတွဲပါ။

Peaky Blinders ဆိုတဲ့ လူဆိုးအဖွဲ့က အင်္ဂလန်မှာ တကယ်ရှိခဲ့ဖူးပါတယ်။

ခေတ်ကတော့ ပထမကမ္ဘာစစ်အပြီး ကာလပါပဲ။

ဒါပေမယ့် ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပါ။

အရင်ဆုံးက Peaky Blinders ဆိုတဲ့ နာမည်အဓိပ္ပါယ်ကနေ စမိတ်ဆက်ရမယ်ထင်ပါတယ်။

Peaky ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲက ရှဲလ်ဘီ မိသားစုတွေ

ဆောင်းကြတဲ့ နံပြားဦးထုပ်၊ လျှာထိုးဦးထုပ်အပျော့လေးတွေကို ခေါ်တာပါ။

Blinders ဆိုတာကတော့ အဲဒီခေတ်အသုံးအနှုန်းမှာ

တစ်နေရာရာမှာ တော်တဲ့တတ်တဲ့၊ စမတ်ကျကျ၊

ကြည့်ကောင်းကောင်းသူတွေကို ခေါ်တာမျိုးပါ။

ဒီတော့ နံပြားဦးထုပ်နဲ့ ဆရာကြီးတွေ လို့ ပြောရမှာပေါ့လေ။

Blinders ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်သွားတဲ့

ထူးခြားချက်ကလည်း ရှိပါတယ်သေးတယ်။

သူတို့ရဲ့ ဦးထုပ်တွေထဲမှာ ဓားသွားတွေ ထည့်ထားပြီး ရန်ဖြစ်တာနဲ့

မျက်နှာကို ခုတ်ချလိုက်တာမျိုးက ပိကီဘလိုင်ဒါတွေရဲ့ မူပိုင်ကွက်ပါပဲ။

ဒီဇာတ်လမ်းတွဲကို ကြည့်ရင် သူတို့တွေရဲ့ ငွေကြေးအမျိုးအစားနဲ့

တန်ဖိုးလေးတွေကို သိထားရင် ပိုအဆင်ပြေပါတယ်။

အဲဒီခေတ်ကတော့ ဂီနီ၊ ပေါင်၊ သျှီလင်တွေကို သုံးကြပါတယ်။

ဂီနီကတော့ အခုခေတ်မှာ မသုံးတော့တဲ့ ဒင်္ဂါးတွေပါ။

တစ်ဂီနီ = ၂၁ သျှီလင် = ၁ပေါင်+၁သျှီလင်ရှိပါတယ်။

တစ်ပေါင်မှာတော့ ၂၀ သျှီလင် ရှိပါတယ်။

ပြီးတော့ အဲဒီခေတ်က ၁ ပေါင်ဟာ ယနေ့ခေတ် ပေါင် ၄၀ ခန့် နဲ့ ညီမျှတာကိုလည်း

သတိပြုသင့်ပါတယ်။

ဒါမှပဲ တစ်လကို ၅ ပေါင်လောက်ရတဲ့အလုပ်ဆိုရင်ကို

သူတို့ မက်မက်မောမော ရှိတာကို မအံ့သြမှာပါ။

နောက်တစ်ခုက ဒီစီးရီးမှာ ဝင်စတန် ချာချီလည်း အရေးပါတဲ့

နေရာက ပါဝင်ထားပါတယ်။

ပိကီဘလိုင်ဒါတွေရဲ့ ကာလဟာ ဝင်စတန် ချာချီတစ်ယောက်

နန်းရင်းဝင်၊ ဝန်ကြီးချုပ်မဖြစ်ခင် တစ်ဆင့်ချင်း

တက်လှမ်းနေတဲ့ ကာလဖြစ်တာကိုလည်း

သတိပြုပေးပါ။

မိတ်ဆက်လို့ ပြီးပြီဆိုရင်တော့ ဇာတ်လမ်းအကျဉ်းကို ပြောပြပါမယ်။

ဘာမင်ဟမ်၊ အင်္ဂလန်မှာ ပိကီဘလိုင်ဒါတွေလို့ ခေါ်တဲ့

ရှဲလ်ဘီမျိုးရိုး ဂန်းစတားမိသားစုလေး ရှိပါတယ်။

နယ်မြေကျဉ်းလေးထဲမှာ အလုပ်ခပ်သေးသေးလေးတွေ

လုပ်နေတဲ့ ဂိုဏ်းအသေးစားလေးပါပဲ။

၁၉၁၈ နိုဝင်ဘာလမှာ ပထမကမ္ဘာစစ်ပြီးဆုံးခဲ့ပြီး

လအတော်ကြာ ၁၉၁၉ ခုနှစ်မှာ ရှဲလ်ဘီမိသားစုရဲ့

သားလတ် သောမတ်စ်ရှဲလ်ဘီ (သို့) တွမ်မီ ရှဲလ်ဘီဟာ

မိသားစု ဆီကို ပြန်ရောက်လာခဲ့ပြီး ဂန်းစတားအလုပ်တွေကို ဦးဆောင်ပါတော့တယ်။

အဲဒီအချိန်မှာ အိုင်ယာလန်တော်လှန်ရေးတွေ၊

ကွန်မြူနစ်တွေ နဲ့ ပိကီတွေထက် အများကြီး ကြီးမားတဲ့ ဂိုဏ်းတွေ

မင်းမူနေကြချိန်ဖြစ်ပြီး အဲဒီ အင်အားစုကြီးတွေထဲမှာ

ရုန်းကန်တိုက်ခိုက်ရင်း ပိကီဘလိုင်ဒါတွေဟာ

ထိပ်ဆုံးနေရာကို ရောက်ဖို့ နည်းမျိုးစုံ ကြိုးစားကြတဲ့အခါ……

ဒီရုပ်ရှင်ရဲ့ ကာရိုက်တာတိုင်းဟာ တစ်မျိုးစီ ကြိုက်နှစ်သက်စရာ ကောင်းပေမယ့်

တွမ်မီ ရှဲလ်ဘီ ကတော့ အထူးခြားဆုံး အပြောင်မြောက်ဆုံး ဇတ်ကောင်ပါပဲ။

နဖူးကို သေနတ်နဲ့တေ့ထားချိန်မှာ

ဆေးလိပ်လေးခဲနေတဲ့ စတိုင်နဲ့ပဲ အားလုံးကို

ကြွေကျသွားအောင်လုပ်သွားပါလိမ့်မယ်။

တွမ်မီရှဲလ်ဘီဟာ အလွန်ရဲရင့်ပါတယ်။

အလွန်လည်းသူရဲဘောကြောင်တတ်သူ ဖြစ်ပါတယ်။

သူဟာ သစ္စာရှိသူဖြစ်သလို နောက်ကျောကနေလည်း ဓားနဲ့

ကောင်းကောင်းထိုးတတ်ပါတယ်။

တွမ်မီဟာ အေးစက်မာကြောသူဖြစ်သလို အလွန်လည်း

အချစ်ကြီးပြန်ပါတယ်။

တွမ်ဟာ သိပ်ကိုပါးနပ်သလို အင်မတန်လည်း တုံးအတတ်ပါတယ်။

တွမ်မီရှဲလ်ဘီ၊ ရှဲလ်ဘီမိသားစု ပိကီဘလိုင်ဒါတွေကို

ကြည့်စေချင်တဲ့ စေတနာနဲ့

အကောင်းဆုံးတင်ဆက်ပေးသွားပါမှာမို့ အားပေးကြပါဦး။

 

Download Peaky Blinders (Season 5) Episodes

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6 (End)

Watch Peaky Blinders (Season 5)

Ep
Title
Release Date