Places Of Bones (2023)
ဟတ်စတာဟာ အဖေဖြစ်သူ ဆုံးပြီးနောက်ပိုင်း အမေဖြစ်သူနဲ့ နှစ်ယောက်တည်း လူသူဝေးတဲ့ တောင်တွင်းနေရာတစ်ခုမှာ ဘာအကောင် ဘာအသီးမှမရှိလို့ အမြဲမှိုဟင်းကိုသာ စားနေရပါတယ်။ မြို့ထဲကို သွားချင်လို့ အမြဲပူဆာခဲ့ပေမယ့် မကောင်းတဲ့လူတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့်နဲ့သာ လက်လျှော့ခဲ့ရပါတယ်။ တစ်ညမှာတော့ သေနတ်သံတွေကြားတဲ့အတွက် နောက်နေ့မနက် သွားစုံစမ်းကြတဲ့အခါမှာတော့ သေနတ်ဒဏ်ရာတွေနဲ့ လူလေးယောက်ကို တွေ့ခဲ့ပြီး တစ်ယောက်ကတော့ အသက်ရှင်နေသေးတာကြောင့် အိမ်ကို ပြန်ခေါ်လာခဲ့ကြပါတယ်။
ပိုက်ဆံထုပ်တွေနဲ့မလို့ ထက်မြက်တဲ့အမေဖြစ်သူဟာ ဆေးကုထားပေးပြီး သတိပြန်ရလာတဲ့အချိန် မေးမြန်းတဲ့အခါမှာတော့ ဓားပြတိုက်ကြရင်း လောဘတက်ကာ မိတ်ဆွေတွေကို သတ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်လာတဲ့အကြောင်း သိလိုက်ရပါတယ်။ ဒီလိုနဲ့ သူနဲ့ ပိုက်ဆံတွေကို ပြန်ရှာဖို့ ကြမ်းတမ်းလှပါတယ်ဆိုတဲ့ လူမိုက် သုံးယောက်ပါ လိုက်လာမှာကို သိလိုက်ရတဲ့နောက် ဟတ်စတာတို့ သားအမိ ဘယ်လို ပြန်ရင်ဆိုင်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။]
Translated & Reviewed by Win Htut
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်