Red One (2024)
ဒီကားကတော့ စုန်းမဆီမှာ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဆန်တာကလော့ကိုကယ်တင်ဖို့ မြောက်ဝင်ရိုးစွန်းလုံခြုံရေးအဖွဲ့ခေါင်းဆောင် ကယ်လမ်ဒရစ်ဖ်တ်(Johnson)နဲ့ ဟက်ကာ ဂျက်ကိုမယ်လီ(Evans) တို့ပူးပေါင်းပြီး ဆန်တာနဲ့ခရစ္စမတ်ကိုကယ်တင်ကြမယ့် ဇာတ်လမ်းမျိုးပါ။
ဆန်တာနဲ့ သူ့ညီ ခရမ်းပတ်စ်တို့ဟာ တစ်ချိန်တုန်းက ခရစ္စမတ်လက်ဆောင်ပို့တဲ့အလုပ်ကိုတူတူလုပ်ခဲ့ကြဖူးပါတယ်။ တစ်နေ့ကျ စကားနားမထောင်တဲ့ကလေးတွေကိုနာမည်မှတ်တဲ့ ကလေးဆိုးစာရင်းကို ခရမ်းပတ်စ်ကစလုပ်ပါတော့တယ်။ ကြာလာတော့ ကလေးဆိုးစာရင်းလုပ်ရတာကိုစွဲလန်းလာတဲ့ ခရမ်းပတ်စ်က သူ့အစ်ကိုဆန်တာနဲ့လမ်းခွဲလိုက်တယ်။ နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ ခရမ်းပတ်စ်နဲ့လက်တွဲခဲ့ဖူးတဲ့ စုန်းမက အဲဒီစာရင်းထဲမှာပါဖူးတဲ့သူတိုင်းကို အပြစ်ပေးတဲ့အနေနဲ့ ဖမ်းချုပ်ဖို့အတွက်စီစဉ်ပြီး ဆန်တာကိုလည်းပြန်ပေးဆွဲလိုက်ပါတယ်။ ဆန်တာမရှိရင် ခရစ္စမတ်ပျက်မှာဖြစ်တဲ့အတွက်ရော အပြစ်ပေးမယ့်အကြံစည်ကိုပါဖျက်ဖို့အတွက် မြောက်ဝင်ရိုးစွန်းလုံခြုံရေးအဖွဲခေါင်းဆောင် ကယ်လမ်ဒရစ်ဖ်တ်(Johnson)နဲ့ ဟက်ကာ ဂျက်ကိုမယ်လီ(Evans) တိုပူးပေါင်းပြီး ခရစ္စမတ်ကယ်တင်ရေးခရီးကိုစရပါတော့တယ်။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်