ဒီတစ်ခါမိတ်ဆက်ပေးမယ့်ကားလေးကတော့ ကြည့်ရှုသူတွေအတွက် အပြောင်းအလဲဖြစ်စေမယ့် ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်
ဟာလင်းနဲ့မီနာတိုနှစ်ယောက်ဟာ ဈေးမှာ ရိုးရာထည်တွေကို လက်လုပ်ချုပ်တဲ့ဆိုင်ဖွင့်ထားကြသူ နှစ်ဦးလည်း ဖြစ်ပါတယ် သူတိုဆိုင်ဟာ လက်လုပ်ဖြစ်တာကြောင့် အချိန်ကြာနေတတ်ပြီး ဖောက်သည်တွေဆီမှာ အပြောခံရတာကြောင့် အလုပ်သမားခန့်ရန် ဆုံးဖြတ်ခဲ့ပြီး ယူဆပ်ဖ်ဆိုတဲ့ကောင်လေးကို ခန့်လိုက်ပါတော့တယ်
ယူဆပ်ဖ်ရောက်လာချိန်ကစပြီး ဟာလင်းနဲ့မီနာတိုနှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်မလဲ ဟာလင်းရဲ့ အချိန်ကြာဖုံးကွယ်ထားခဲ့တဲ့သူ့ရဲ့စိတ်ကရော ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်
Translated & Reviewed by Mona
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ