ဒီတစ်ခါတော့ ဒရမ်မာစီးရီးကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် နှုတ်ခမ်းနီမလေးတွေသဘောကျတဲ့ မင်းသား ဆောင်းဂျွန်ကီရယ် Running manမှာအတော်များများသဘောကျရတဲ့ ပရိသတ်အချစ်တော် ဂွမ်ဆူတို့ကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်
မကြာသေးခင်က ဂွမ်ဆူက running manကနေထွက်သွားပြီဆိုပေမယ့် သူ့ကိုအလွမ်းပြေအောင်သူပါတဲ့ကားလေးနဲ့ ပြန်လည်မိတ်ဆက်ပေးချင်ပါတယ်….
IMDb Rating (8.1/10) နဲ့ Viki (9.4/10) ထိရရှိထားတဲ့ကိုရီးယားဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းအညွှန်းကိုမပေးတော့ပါဘူး။ချစ်ခြင်းတွေကြားထဲ ငွေကြေးဓနဥစ္စာတွေ ဝင်ရောက်လာတဲ့အခါ ဘယ်သူကအနိုင်ယူသွားမလဲ။ဘယ်လိုချစ်ခြင်းတွေက ခိုင်မြဲစွာ တည်တံ့နေခဲ့လဲ။ဘယ်လိုရှင်သန်ခြင်းတွေနဲ့ဘဝကို လင်းလက်စေမလဲ။ဒါတွေကို မင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ဆောင်များစွာနဲ့ အပြိုင်အဆိုင်သရုပ်ဆောင် ပုံဖော်သွားကြမှာပါ။မင်းသား Song Joong Ki ကိုတော့ ကန်မာယူအဖြစ် သနားစရာ.. လေးစားစရာ… စွန့်လွှတ်အနစ်နာခံသူအဖြစ် ဒီဇာတ်ကားထဲမှာ မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်
Translated by – Nezu
Encoded by – Nezu