2023 မှာလည်းဇာတ်ကားကောင်းတွေကဆက်တိုက်ကိုထွက်ရှိလာပါတယ် အခုဆိုလည်း မင်းသားကြီး Morgan Freeman ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဥ်းချုပ်အနေနဲ့ကတော့ သမီးလေးကိုလတ်လတ်ဆက်ဆက်ဆုံးရှုံးထားရတဲ့ လူသတ်မှုစုံထောက်ကြီးက Main Character ပေါ့နော် သူကလူသတ်မှုတွေကိုလိုက်လုံစုံစမ်းရင်း အသတ်ခံရတဲ့ အလောင်းတွေက ခိုက်ရန်ဖြစ်ပွားရင်းအသတ်ခံရတဲ့ပုံမဟုတ်ပဲ ယဇ်ပူဇော်ခံရသလိုဖြစ်နေတဲ့ပုံပျက်ပန်းပျက် အလောင်းပုံတွေကိုရှာတွေ့လာတဲ့အခါမှာတော့ ဒါကဘာကြောင့်လဲဆိုတာကိုလိုက်လံဖြေရှင်းပါတော့တယ် ဒါပေမယ့် သူနားမလည်နိုင်တဲ အာဖရိကရိုးရာဆိုင်ရာယဥ်ကျေးမှုတွေပါဝင်လာတဲ့အခါမှာတော့ စုံထောက်ကြီးက ဒီယဥ်ကျေးမှုကိုနားလည်တတ်ကျွမ်းတဲ့ ပရော်ဖက်ဆာ မက်ကယ်ကိုသွားရှာရပါတော့တယ် ဒီလိုနဲ့ဒီအမှုကို စုံထောက်နဲ့ ပရော်ဖက်ဆာတိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ
ဇာတ်လမ်းက Thriller အမျိုးအစားဆိုတော့ လူသတ်တဲ့ပြကွက်တွေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုဖြတ်တောက်တဲ့ကွက်ကွက်ကွင်းကွင်းပြသထားလားဆိုတော့.... Translated & Reviewed by Kim Shin Encoded by Aye Chan