ဒီတစ်ခါ Thriller /Adventure ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဂျို၀ီဆိုတဲ့ ဆရာ၀န်မလေးဟာ သူ့အစ်ကိုဖြစ်သူ ဂရေး ရယ်..မောင်နှမလိုရင်းနှီးတဲ့ ထရေဗာရယ်နဲ့ မြစ်ပြင်လေ့လာရေး ခရီးစဥ်မှာ တခြားခရီးသည်မိန်းကလေးနှစ်ယောက်နဲ့အတူ လိုက်ပါခဲ့ပါတယ်။
လူသူဝေးလံပြီး သာယာတဲ့ မြစ် ကမ်းဘေးတစ်နေရာမှာ ညအိပ်တည်းခိုရပ်နားချိန် ပါလာတဲ့ခရီးသည် ကောင်မလေးက ချော်လဲပြီးကျောက်တုံးနဲ့ခေါင်းနဲ့ရိုက်မိသွားပါတယ်။ အရေးပေါ် ဆေးကုသမှုလိုအပ်တာကြောင့် ညကြီးမင်းကြီး မြစ်ကြောင်းကိုပြန်ဆန်တက်လာတဲ့အချိန် လှေမှောက်သွားတဲ့အခါမှာတော့…
သူတို အဲဒီမိန်းကလေးကို ကယ်တင်နိုင်ပါ့မလား…
ဖြစ်စဥ်တွေက ထင်သလို ရိုးစင်းနေရဲ့လား ဆိုတာကို…..။
IMDB 5.4 ရထားတဲ့ ကားလေးမှာ ဆက်လက်ရှုစားကြပါဦး။
Reviewed by Ariel
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ