မင်းသားHwang In Youpနဲ့မင်းသား Ji Chang Wookတ်ို့ကတော့ The Sound of Magicဆိုတဲ့ဇာတ်ကားလေးနဲ့ ပရိတ်သတ်ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ
ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်နဲ့အတူ တွဲဖက်သရုပ်ဆောင်သွားမဲ့မင်းသမီးကတော့ Strat-up၊Beyond evilတို့မှာ ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ မင်းသမီး Choi Sung-eun ပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ အထက်တန်းကျောင်းသူလေး Yoon Ah Yiဟာဆိုရင် အချိန်ပိုင်းအလုပ်တွေလုပ်ရင်းနဲ့ သူမအတွက်ရော သူမရဲ့ညီမဖြစ်သူအတွက်ပါ ဝင်ငွေရှာဖွေနေရတဲ့သူတယောက်ဖြစ်သလို အကြွေးရှင်တွေကြောင့် မိဘတွေနဲ့တကွဲတပြားဖြစ်နေရတဲ့သူတယောက်လည်းဖြစ်ပါတယ် ဒီလိုငွေကြေးမပြည့်စုံတာတွေ၊ခက်ခဲတဲ့အခြေအနေတွေကြားထဲမှာတောင်မှ သူမဟာ ကျောင်းရဲ့အဆင့်တစ်နေရာမှာရှိနေတုန်းပါပဲ။ တည်ငြိမ်တဲ့အလုပ်အကိုင်တခုရဖို့အတွက် Yoon Ah Yiဟာ လူကြီးမြန်မြန်ဖြစ်ပြီး ပိုက်ဆံတွေရှာချင်နေတာပေါ့ သူမရဲ့အတန်းဖော်ဖြစ်သူ Na II Deungကတော့ Yoon Ah Yiနဲ့အဆင့်တစ်နေရာကို ယှဥ်လုရာကနေ တယောက်နဲ့တယောက်မှာခံစားချက်တွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်
အဲ့လိုနဲ့တနေ့မှာတော့ မှော်အစွမ်းကိုယုံကြည်သူ Yoon Ah Yiတယောက် စွန့်ပစ်ထားတဲ့ အပန်းဖြေဥယျာဥ်ထဲမှာ မှော်ဆရာLee-Eulဆိုသူနဲ့ တွေ့သွားပြီးနောက်ပိုင်း Yoon Ah Yiမှာ ဘယ်လိုအဖြစ်အပျက်တွေဖြစ်လာမလဲဆိုတာကိုတော့ The Sound of Magicဆိုတဲ့ Musical၊Romantic၊Fantasy ဇာတ်ကားလေးထဲမှာ လိုက်ပါစီးမြောရင်းကြည့်ရှုပေးကြပါဦးနော်
Translated by MMFilm Team
Encoded by Aye Chan
Resolution :: 720P & 1080P
Encoded by Aye Chan
Resolution :: 720P & 1080P