ရာမိုနာဟာခြံကျယ်ကြီးတစ်ခုမှာသားတစ်ယောက်သမီးတစ်ယောက်နဲ့နေထိုင်သူပါ။သူ့မှာအရမ်းချစ်ရတဲ့သူ့ခင်ပွန်းလဲရှိခဲ့ပါတယ်။တစ်ရက်မှာတော့ရာမိုနာရဲ့ခြံထဲမှာတစိမ်းမိန်းမတစ်ယောက်ဟာခုံတစ်ခုံကိုအကျအနချပြီးမလှုပ်မယှက်လာထိုင်နေပါတော့တယ်။အဲမိန်းမဟာဝတ်ရုံအနက်ကြီးကိုခေါင်းအစခြေအဆုံးဝတ်ထားပြီးနေ့ဘက်အချိန်မှာတောင်ကြောက်စရာကောင်းလွန်းတဲ့အသွင်အပြင်ရှိနေတာပါ။အဲဒီမိန်းမဟာထိုင်ရာမထထိုင်နေပေမဲ့လဲရာမိနာတို့အိမ်နဲ့တော့တဖြေးဖြေးပိုနီးကပ်လာပါတယ်။ဒီခြောက်ခြားစရာကောင်းတဲ့မိန်းမဟာဘယ်သူလဲ။ရာမိုနာတို့ကိုဘယ်လိုအန္တရာယ်တွေပေးမှာလဲ။ရာမိနာရဲ့အတိတ်နဲ့ရောဘယ်လိုပတ်သက်နေမလဲ။ရာမိနာရဲ့ခင်ပွန်းကရောဘာဖြစ်သွားတာလဲ။ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ဒီဇာတ်ကားကိုကိုယ်တိုင်ကြည့်ရှုပြီးအဖြေရှာလိုက်ပါ။ပုံမှန်Horrorဇာတ်ကားတွေနဲ့ကွဲထွက်နေပြီးဆန်းသစ်တဲ့တင်ဆက်ပုံရှိတာမို့ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ပြောချင်ပါတယ်
Translated & Reviewed by Kay
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်