ဒီတစ်ခါမိတ်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ သူငယ်ချင်းတွေရဲ့သံယောဇဥ်အကြောင်းရိုက်ကူးပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံ ခေတ်ပျက်ထဲရောက်နေတဲ့အချိန်ကာလကိုဦးတည်ရိုက်ကူးထားပြီး ဇာတ်လမ်းအစမှာ ခိုးမှုတစ်ခုကြောင့်ထောင်ထဲရောက်နေရာကပြန်လွတ်လာတဲ့ ဂျွန်ဆော့ကို သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဂျောင်ဟိုနဲ့ ဂီဟွန်းတိုကပြန်လာကြိုရာကနေအစပြုထားပါတယ်။ ဂျွန်ဆော့ထောင်ထဲရောက်သွားရတဲ့ကိစ္စက သူငယ်ချင်းသုံးယောက်ရတနာဆိုင်ကိုဓားပြတိုက်ရာကနေ အဖမ်းခံရတဲ့အခါမှာဂျွန်ဆော့တစ်ယောက်တည်းရဲဖမ်းမိသွားတာဖြစ်ပါတယ်။ ဂျောင်ဟိုနဲ့ဂီဟွန်းတိုက သူငယ်ချင်းမရှိတဲ့အချိန်မှာသူတိုရထားတာတွေကိုရောင်းချပြီးနေရင်းနဲ့ ငွေကြေးတန်ဖိုးကျဆင်းလာတဲ့အခါမှာ နေထိုင်စားသောက်ရအခက်တွေ့လာပါတယ်။ ထောင်ထဲကပြန်ထွက်လာတဲ့ဂျွန်ဆော့တစ်ယောက် ဒါကိုမြင်တဲ့အခါမှာ နောက်ထပ် လောင်းကစားဝိုင်းတစ်ခုကို ဓားပြတိုက်ဖိုစီစဥ်ပါတော့တယ်။ ခေတ်ပျက်ကြီးထဲက တရားမဝင်လောင်းကစားဝိုင်းမလိုဘာပြဿနာမှရှိမှာမဟုတ်ဘူးလိုထင်ပြီး ဓားပြတိုက်ရာက အဲ့ကအရိပ်ဆိုးကြီးကသူငယ်ချင်းသုံးယောက်နောက်ကို ဆက်တိုက်လိုက်လာတဲ့အခါမှာတော့….
Translated & Reviewed by Rhea
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ