ဒီဇာတ်လမ်းကတော့ Kim Woo Bin တစ်ယောက် Leading role နေရာကနေပါဝင်ထားတဲ့ ပထမဆုံးသောဇာတ်ကားလဲဖြစ်ပါတယ်
Shin Joon Young(Kim Woo Bin) ကတော့ ကိုရီးယားနိုင်ငံရဲ့ ထိပ်ထိပ်ကြဲအောင်မြင်နေတဲ့အနုပညာကြည်ပွင့်ပါ။
ဒါပေမယ့်လဲ သူ့မှာ စိတ်ချမ်းသာစရာရယ်လို့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ သေလုမျောပါးရောဂါဝေဒနာတစ်ခုခံစားနေရလို့ပါ။
Shin Joon Young(Kim Woo Bin) ကတော့ တစောက်ကမ်းလုပ်တတ်တဲ့အကျင့်ရှိတဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။ သူနဲ့ အထက်တန်းလောက်ကတည်းကရင်းနှီးခဲ့ပြီး ဇာတ်လမ်းတွေလဲ ရှိခဲ့ဖူးတဲ့သူကတော့ No Eul( Suzy) ပဲဖစ်ပါတယ်။
No Eul( Suzy) ကတော့ မဟုတ်မခံပြန်ပြောတတ်ပြီး ဖျက်လတ်သွက်လတ်တဲ့ PD တစ်ဦးလဲဖြစ်ပါတယ်။ Shin Joon Young နဲ့ No Eul တို့နှစ်ဦးက ၅ နှစ်နီးပါး အဆက်အသွယ်ပြတ်ပြီးမှ နောက်ဆုံး Documentry တစ်ခုရိုက်ရင်းနဲ့မှ ပြန်ဆုံကြတဲ့အခါ…
နှစ်ယောက်သား ချစ်ကျွမ်းဝင်သွားပြီး ပျော်ရွှင်တဲ့ဘဝကိုပြန်ရသွားနိုင်မလား? Shin Joon Young ကရော ရောဂါကြီးကိုတွန်းလှန်နိုင်ပြီး အသက်ရှင်သွားမှာလားဆိုတာကိုတော့ နောက်ဆုံးအပိုင်းအထိကြည့်ပြီး ရင်ခုန်ရမှာဖြစ်ပါတယ်
Translated By – Khant Kyaw
Encoded By – Aye Chan