ဒီဇာတ်ကာ;လေးကတော့ ဆွီဒင်နိုင်ငံရဲ့ ကျေးရွာတစ်ရွာက သမင်မွေးမြူရေးလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းလုပ်သူတိုရဲ့ ဘဝဇာတ်ကြောင်း အခက်အခဲမျိုးစုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ အယ်ဆာတိုမျိုးရိုးမှာ ကလေးဘဝမှာ သမင်ပေါက်လေးတစ်ကောင်ကို ကိုယ်ပိုင်သမင်လေးအဖြစ်သတ်မှတ်ပြီး အစဉ်အလာအရ သမင်ရဲ့နားရွက်ထိပ်လေးကိုဖြတ်ပြီး အမှတ်အသားပြုရပါတယ်။ တစ်နေ့မှာတော့ အယ်ဆာဟာ တစ်ယောက်တည်း သမင်ပေါက်လေးကိုသွားကြည့်တဲ့အချိန် လူတစ်ယောက်က သမင်လေးကို သတ်ပစ်လိုက်တာကို မြင်ခဲ့ရပါတယ်။ အဲ့လိုလူတွေကတော့ သမင်မွေးမြူတဲ့သူတွေက သာမန်သူတွေထက် အခွင့်အရေးပိုရနေတာကို မကျေမနပ်ဖြစ်နေကြပြီး သမင်တွေကို လိုက်လံနှောင့်ယှက်သတ်ဖြတ်လေ့ရှိပါတယ်။
ဒီလိုနဲ့ ရဲစခန်းကို အဖေဖြစ်သူနဲ့ သွားတိုင်ကြတဲ့အချိန် ကလေးသာသာရှိသေးတဲ့ အယ်ဆာဟာ ရဲတွေမေးမြန်းတဲ့အခါမှာလဲ မသိဘူးသာ တသွင်သွင်ငြင်းခဲ့ပါတယ်။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ မဟုတ်မခံလိုစိတ်တွေကြီးပြင်းလာကာ အသက်အရွယ်ရလာတဲ့အခါမှာလည်း ကိုယ့်အခွင့်အရေးအတွက် ဘယ်သူ့ကိုမှ ဂရုမစိုက်ပြောတတ်တဲ့အကျင့်ရှိလာကာ သူ့ကြောင့် သမင်မွေးမြူရေးသူတွေကို မြိုခံတွေက ပိုမုန်းတီးပြီး အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိပါ ဖြစ်လာတဲ့အခါမှာတော့...
ရဲတွေကပါ မျက်နှာသာမပေးထားတဲ့ အယ်ဆာတို သူတိုရဲ့ရပိုင်ခွင့်တွေကို ဘယ်လိုအနိုင်ယူသွားမလဲ ရှုးနိမ့်သွားမလား အောင်မြင်သွားမလားဆိုတာကို ရသနဲ့ သုတ ရောထွေးပြီး စိတ်ဝင်တစားကြည့်ရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။
Translated & Reviewed by Win Htut
Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်