ဇာတ်လမ်းအကြောင်းအရာလေးကတော့
ဒီနေ့ခေတ် တောင်ကိုရီးယားနိုင်ငံမှာ တိုင်းပြည်ကို စည်းမျဉ်းခံ ဘုရင်စနစ်နဲ့ အုပ်ချုပ်နေခဲ့တာဖြစ်ပါတယ်။
အိုဆောနီ ဟာ ထက်မြက်တဲ့ကိုယ်ရည်ကိုယ်သွေး ရှိတဲ့ musical မင်းသမီးတစ်ဦးဖြစ်ပါတယ်။
ရုတ်တရက်ဆိုသလို သူဟာ ဧကရာဇ် လီယော့ နဲ့ လက်ထပ်ခဲ့ရပါတယ်။
အဲဒီအချိန်မှာပဲ အိုဆောနီဟာ နန်းတွင်းရဲ့ အာဏာကို ဖီဆန်ဖို့ လုပ်ခဲ့ပါတယ်။ တချိန်မှာတော့ တော်ဝင်မိသားစုရဲ့ ကိုယ်ရံတော် နာဝမ်ရှစ် ကိုချစ်မိသွားခဲ့ပါတယ်။
နာဝမ်ရှစ်ဟာ နန်းတော်ထဲကို ဝင်လာတာဟာ သူ့မိခင်ကို သတ်ခဲ့တဲ့သူကို ကလဲ့စားချေဖို့ ရောက်လာတာဖြစ်ပါတယ်။ ဧကရာဇ်လီယော့ရဲ့ ဖွားတော်ကြီးနတ်ရွာစံခဲ့တာကြောင့် အိုဆောနီဟာ နာဝမ်ရှစ်ရဲ့ အကူအညီနဲ့ တော်ဝင်မိသားစုကို ဖြိုခွဲပြီး အချစ်စစ်ကို ရှာဖွေခဲ့ပါတော့တယ်။
အမှန်တရားနဲ့ ခင်ပွန်းသည်ကြားမှာ အိုဆောနီ တစ်ယောက် ဘယ်လိုလွန်ဆွဲမလဲ၊ အချစ်စစ်အချစ်မှန်ကို ဘယ်လိုရွေးချယ်မလဲဆိုတာကို..
Translated By - May Mie
Encoded By - Aye Chan