အခုကားလေးကတော့ November 18ရက်နေ့ကမှလောလောလတ်လတ်ထွက်ရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ထုတ်တဲ့ကုမ္ပဏီက Netflixကဆိုတော့ဘာမှထွေထွေထူးထူးဝေဖန်လေကန်စရာတော့မရှိဘူးပေါ့
ဒီဇာတ်ကားလေးက Netflixကဆိုတဲ့အတိုင်းဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားပါတယ် ဇာတ်ကားနောက်ခံကတော့ ၁၉ရာစု အင်ဒီးယန်းတွေကိုအခြေခံထားတယ် ဇာတ်လမ်းအခြေခံကတော့ ၁၉၀၉ခုနှစ်မှာ ဝီလီဘွိင်းဆိုတဲ့ကောင်လေးရှိတယ် သူကနယ်ခံအင်ဒိးယန်းကောင်မလေး ကာလိုတာနဲ့ချစ်ကြိုက်မိသွားတယ် ဒါမယ့်အင်ဒီးယန်းတိုရဲ့ရိုးရာကအပြင်လူနဲ့လက်ထပ်လိုမရ တော့ လူငယ်တိုသဘာဝအချစ်ကြောင့်ရူးမိုက်မိုက်တွေလုပ်မိကြတယ်ပေါ့ အဲ့လိုကနေ ဝီလီဘွိင်းကမတော်တဆ ကာလိုတာရဲ့ဖခင်ကိုသတ်မိသွားတယ် အဲ့တော့ဝီလီဘွိင်းကိုဥပဒေဘက်တော်သားအရာရှိတွေကရော မျိုးနွယ်စုအင်ဒီးယန်းတွေကပါခြေရာခံလိုက်ဖမ်းပါလေရော အဲ့ဒါကိုဝီလီဘွိင်းကရောဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာကြည့်ရှုရမှာပါ
ဇာတ်ကားကတော့ အချစ်၊ဒရာမာ၊အက်ရှင်တွေပါတယ်ဆိုတော့ရသကတော့တော် တော်လေးဆုံတယ်ပေါ့ဗျာဇာတ်အိမ်ကလည်းကောင်းဘွိင်တွေ အင်ဒီးယန်းတွေကိုအခြေခံထားတာဆိုတော့ ခေတ်ဟောင်းပုံစံကြိုက်တဲ့သူတွေကတော့ကြည့်လိုကောင်းမှာပါ
Translated & Reviewed by Kim Shin
Encoded by Aye Chan