ဒီကားကတော့ လူကြိုက်များ The Lord of the Ring Trilogy ရဲ့ အစ၊ Middle Earth ကို ရုပ်ရှင် ကြည့်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
နဂိုထဲက ကောင်းပြီးသား ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။
Harry Potter လိုကားတောင်မှ တကယ့် စာအုပ်ကို အားပေးတဲ့ပရိတ်သတ်တွေ သိပ်မကြိုက်ကြပါဘူး။
ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။
No Sex, No Nudity ဖြစ်ပြီး၊ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ ကြည့်ပြီးသားကိုပြန်ကြည့်ရင်တောင် မရိုးရအောင် ကောင်းတဲ့ကားဖြစ်ပြီး၊ မကြည့်ဖူးသေးဖူးဆိုရင်အခုပဲဒေါင်းပြီးကြည့်ကြ ဖို့တိုက်တွန်းလိုက်ပါတယ်။
Translated by - Nezu
Encoded by -Nezu