ဒီတစ်ခါတော့ survivalဆန်ဆန်ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်ဇာတ်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်တော့ စုံတွဲတစ်တွဲဟာဗီယက်နမ်နိုင်ငံကိုအပန်းဖြေခရီးထွက်လာကြတာကနေဇာတ်အိမ်တည်ထားပါတယ်
သူတို့နှစ်ယောက်ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ ကမ်းခြေကရေပေါ်ဟိုတယ်မှာတည်းကျပြီး ဒီအတွက်ကိုပိုက်ဆံအတော်များများကုန်ကျခံထားကြတာပဲဖြစ်ပါတယ်။
ဒီကိုဘာလို့ခရီးထွက်လာရလည်းဆိုရင်တော့ Jaeဆိုတဲ့ကောင်မလေးမှာအတိတ်တုန်းကစိတ်ဒဏ်ရာရခဲ့တာကြောင့် ဒါကိုကုစားလို့ရလိုရငြားဆိုပြီး ဒီခရီးကိုထွက်လာကြတာပဲဖြစ်ပါတယ်
ကံဆိုးချင်တော့ သူတို့နှစ်ယောက်တည်းနေတဲ့ကမ်းခြေဟာ မုန်တိုင်းဒဏ်နဲ့ရင်ဆိုင်ကြုံတွေ့လာရပါတော့တယ်
မုန်တိုင်းရဲ့ဒဏ်ကြောင့် နှစ်ယောက်စလုံးဟာ ပင်လယ်ထဲမှာမျောပါသွားရင်း ကယ်ဆယ့်မယ့်သူကိုရှာဖွေနေရတဲ့ကြားမှာ ငါးမန်းနဲ့ပါထပ်မံရင်ဆိုင်ရပြန်ပါတယ်
ဒီလိုနဲ့သူတို့နှစ်ယောက်အတွက် ကယ်ဆယ်မယ့်သူတွေများပေါ်လာမလား ဒါမှမဟုတ် ငါးမန်းနဲ့ရောဘယ်လိုမျိုးနှစ်ပါးသွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှူပေးကြပါဦးနော်
-=-=-=-=-=-=-=-=-=-=-=-
Translated By CaCa
Encoded By Nezu
Resolution - 480P,1080P
Size - 460Mb,963MB