ဒီတစ်ခါတော့ မင်မင်တို့MMFLIM ကနေ တစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ thirty-nine(39) ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်
အားလုံးလည်းစောင့်နေကြမယ်လို့ထင်ပါတယ် ဒီညမှာတော့ထွက်ရှိလို့လာပါပြီ
အပျိုကြီးမမသုံးယောက်ရဲ့မျိုးစုံကြိုးခုန်ရတဲ့ဘဝဇာတ်ကြောင်းလေးပေါ့ ဆိုတော့ သူငယ်ချင်းသုံးယောက်သားအတူတူငိုကြရယ်ကြဖေးမကြရင်းဘဝကိုဖြတ်သန်းလာခဲ့တာ အသက်၃၉ပြည့်ပြီးလေးဆယ်ရောက်တဲ့အချိန်မှာရော ဘယ်လိုအချစ်ရေးတွေဘာတွေတွေ့ကြုံဖြတ်သန်းရမလဲဆိုတာကို ကြည့်ကြရမှာပါ
သူငယ်ချင်းသုံးယောက်အနေနဲ့ ဂမ်နမ်းကဆေးခန်းတစ်ခုရဲ့အလှအပရေးရာဆရာဝန် ဆရာဝန် ချာမီဂျိုအဖြစ် မင်းသမီး Song Ye Jin ငယ်စဥ်ကသရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ လက်ရှိမှာတော့ သရုပ်ဆောင်သင်ပေးရတဲ့ဆရာမဖြစ်လာသူ....
ဂျောင်ချန်းယောင်အဖြစ် မင်းသမီးJeon Mi Do နဲ့ အလှကုန်စတိုးဆိုင်တစ်ခုရဲ့မန်နေဂျာဖြစ်သူ ဂျန်ဂျူဟီအဖြစ် မင်းသမီး Kim Ji Hyun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်
အပတ်စဥ် ဗုဒ္ဓဟူးနဲ့ကြာသပတေးညတွေမှာထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပြီး အပိုင်း၁၂ပိုင်း ပါဝင်မှာပါ အပျိုကြီးမမသုံးယောက်ဘယ်လိုတွေမျိုးစုံကြိုးခုန်မလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှူလို့ရပါပြီ
-=-=-=-=-=-=-=-=--=-=-
Translated by - Hana , Luna , Hsu Htet, Channie ,Moni
Encoded by - Aye Chan
Resolution - 1080P & 480P