ယောဒေါဘွန်း အညော် "အလုပ်ကိုနောက်မှလုပ်မယ် အခုအရက်သောက်မယ်" ဆိုတဲ့ သူငယ်ချင်းအရက်သမသုံးယောက်ပြန်လာပါပြီရှင် ဒါက season2ပါ season1 လာပြီးသားဆိုတော့ ဇာတ်ကြောင်းအထူးတလည်မိတ်ဆက်ပေးနေစရာမလိုဘူးထင်ပါတယ်
ကဲဒါဆို အစလေးပြောပြပေးပါမယ် ရုပ်သံဌာနကစာရေးဆရာမ အန်ဆိုဟီ က သူရဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ယောဂလေ့ကျင့်ရေးနည်းပြဟန်ဂျီယွန်းနဲ့ You Tuber ဂန်ဂျီဂူတို့နဲ့အတူ တစ်နှစ်ကြာအောင် အစအနဖျောက်ပျောက်သွားခဲ့ပါတယ်
အဲဒါနဲ့ပဲရုပ်သံလွှင့်ဌာနကပီဒီဖြစ်သူဟာသူတို့သုံးယောက်ကို လိုက်ရှာရာကနေဇာတ်လမ်းစပါတော့တယ် ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပိတ်ကားထက်မှာဆက်လက်ရှုစားကြပါရှင်
season1မကြည့်ရသေးသူများလည်းကြည့်ဖို့recommendပေးပါတယ်
ဘာသာပြန်သူကတော့ဒီကားထဲကလိုသူငယ်ချင်းသုံးယောက်သားသောက်ကြစားကြနဲ့relationshipမျိုးကို တကယ်သဘောကျမိပါတယ် အလောင်ကားတွေကြည့်ပြီးလောင်နေရင်ဒါကြည့်ပြီးစိတ်ဖြေကြပါ
အလုပ်ကြောင့်စိတ်ဖိစီးမှုတွေများတဲ့အခါ ဒီကားထဲကလိုပဲ အလုပ်ကိုနောက်မှလုပ်မယ်အရက်အရင်သောက်မယ်ဆိုပြီး အရက်ဆိုင်သာပြေးချလိုက်ပါ ဘာသာပြန်သူလည်းအခုသွားသောက်ပါပြီ နောက်အပိုင်းတွေမှတွေ့ကြပါမယ်
Translated by MMFilm KTeam
Encoded by Aye Chan