ဒီကားလေးကတော့ နာမည်ကြီးပြီးသား Anime/Manga ဇာတ်လမ်းဖြစ်လို့ တော်တော်များများလည်း သိကြပါတယ်။ အထူးခြားဆုံးကတော့ ကရုတ (Karuta) လို့ခေါ်တဲ့ ဂျပန်ရိုးရာကတ်ကစားနည်းကို အခြေခံထားတဲ့အတွက် ပိုထင်ရှားပါတယ်။ ကရုတ ဆိုတာကတော့Ogura hyakunin isshu လို့ခေါ်တဲ့ ရှေးရိုးရာကဗျာအပုဒ်တစ်ရာ ပါဝင်တဲ့ကတ်လေးတွေနဲ့ ဆော့ရတဲ့ ကစားနည်းမျိုးပါပဲ။ ဇာတ်လမ်းထဲမှာ အရှင်းဆုံးဖြစ်အောင်ရှင်းပြထားလို့ နားမလည်မှာမပူပါနဲ့။ ရိုးရာကတ်ကစားနည်းဇာတ်လမ်းမို့ ပျင်းစရာကြီးလို့လည်း မအောက်မေ့လိုက်ပါနဲ့ဦး။ Teamworkအသားပေး အားကစားဇာတ်လမ်းတစ်ပုဒ်လို့ ဆိုလို့ရသလို သူငယ်ချင်းသံယောဇဉ်လည်း ပါတယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးလည်း ပါသေးတယ်။
Chihaya ဟာ ကရုတ ကိုငယ်ငယ်ကတည်း ရူးသွပ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။ အထက်တန်းကျောင်းရောက်တော့ ငယ်ငယ်ကတည်းကလုပ်ချင်ခဲ့တဲ့ ကိုယ်ပိုင် ကရုတအသင်းကို ဖွဲ့စည်းဖို့အားထုတ်တယ်။ ထုံးစံအတိုင်းပါမယ့်လူမရှိတော့ လူငါးယောက်မပြည့်ပြည့်အောင် စုပြီး၊ သူ့ကိုကူညီသူက ငယ်သူငယ်ချင်း ကရုတကစားဖော်ဖြစ်တဲ့ Mashima Taichi။ Chihaya ဟာ သူမရဲ့အိပ်မက်ဖြစ်တဲ့ ဂျပန် ကရုတ Queen ဘွဲ့ရဖို့ ကြိုးစားလျက်ရှိသလို ကရုတဆက်ဆော့နေရင် သူတို့ကရုတကစားဖက် ငယ်သူငယ်ချင်းသုံးယောက်ထဲက ကွဲကွာသွားခဲ့ရသူ Arata နဲ့ တစ်နေ့ပြန်ဆုံရမယ်ဆိုတာကလည်း သူမအတွက် တွန်းအားတစ်ရပ်ဖြစ်ပါတယ်။
Translated by – Nezu
Encoded by – Nezu



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
