Switch Mode
You’ve Got Mail
Rating 6.7
Trailer
Bookmark
Followed 2 people

You’ve Got Mail

Watch full episodes You’ve Got Mail, download You’ve Got Mail english subbed, You’ve Got Mail eng sub, download You’ve Got Mail eng sub, stream You’ve Got Mail at MMFILM.
Status: Completed Released: 18 Dec 1998 Duration: 119 min Country: Type: Movie Director: Casts: , , Posted by: admin Released on: Updated on:
Watch streaming You’ve Got Mail English Subbed on MMFILM. You can also download free You’ve Got Mail Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, You’ve Got Mail on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis You’ve Got Mail

Sleepless in Seattleထဲက လိုက်ဖက်တဲ့အတွဲလေးဖြစ်တဲ့ တွန်ဟန့် နဲ့ မက် တို့ပဲပြန်ပြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးပါ…..

ဒီဇာတ်ကားလေးက တကယ်တော့ Sleepless In Seattleကို ကျော်သွားအောင်လို့ ရိုက်ကူးထားတဲ့ အချစ်ဟာသ ဇာတ်ကားလေးပဲဖြစ်ပါတယ်…

မိဘ​တွေရဲ့အ​မွေဖြစ်​တဲ့ က​လေးစာအုပ်​ဆိုင်​​လေးကိုဦးစီးလုပ်​ကိုင်​​နေတဲ့ မိန်​းမ​ချော​လေး Kathleen Kelly ဟာ တစ်​​နေ့မှာ​တော့ သူ့စာအုပ်​ဆိုင်​​လေးကို ပိတ်​ပစ်​ရ​မယ်​့အ​ခြေအ​နေမျိုးဖြစ်​လာပါတယ်​..

အ​ကြောင်​းက​တော့ မ​နေ့တ​စ်​​နေ့ကမှ စာအုပ်​တိုက်​လုပ်​ငန်​းကိုဝင်​​ရောက်​လာပြီး ပြိုင်​ဘက်​​တွေကို ဗျူဟာကျကျတိုက်​ခိုက်​တတ်​တဲ့ Joe Fox​ကြောင်​့ပါပဲ…

Discount ​တွေချတယ်​…ပတ်​ဝန်​းကျင်​ကိုစည်​းရုံးတယ်​…စတဲ့ ဗျူဟာ​တွေနဲ့အခြားစာအုပ်​ဆိုင်​​တွေကို အနိုင်​ယူနိုင်​ခဲ့​ပေမယ်​့ လုပ်​ငန်​းအ​တွေ့အကြုံရင်​့​နေတဲ့ Kathleen ကို​ရင်​ဆိုင်​ရာမှာ​တော့ ခက်​ခဲခဲ့ပါတယ်​…

ဒီလိုစီးပွား​ရေးလုပ်​ငန်​းရှင်​နှစ်​ဦး ပြိုင်​ဆိုင်​ရာက​နေ ချက်​ချင်​းကြီး တစ်​​ယောက်​နဲ့တစ်​​ယောက်​ကြိုက်​သွားရင်​ မြန်​မာကားဆန်​သွားမှာ​​​ပေါ့ဗျာ.. ဒီဇာတ်​ကားကိုဇာတ်​အိမ်​တည်​ထားတဲ့ အချိန်​က ကျ​နော်​တို့social network ​တွေရဲ့ ဘိုး​အေကြီး g talk တို့​ခေတ်​မှာပါ…

chatting ​တွေစတင်​​ပေါ်​ပေါက်​လာတဲ့အဲ့အချိန်​မှာ kathleen မှာ​ကော Joe မှာပါ နာမည်​အတုနဲ့ဖွင်​့ထားတဲ့ account ​တွေကိုယ်​စီရှိ​နေပါတယ်​…စီးပွား​ရေးလုပ်​ငန်​း​တွေအ​ဆင်​မ​ပြေတိုင်​း online​ပေါ်မှာ ရင်​ဖွင်​့ရင်​းနဲ့ သူတို့နှစ်​ဦးခင်​သွားကြပါတယ်​…အပြင်​​လောကမှာ စီးပွား​ရေးပြိုင်​ဘက်​ဖြစ်​​နေ​ပေမယ်​့ online​ပေါ်မှာ​တော့သူတို့နှစ်​​ယောက်​ဟာ တစ်​​ယောက်​ကိုတစ်​​ယောက်​နှစ်​သိမ်​့ကူညီ​နေတဲ့မိတ်​​ဆွေ​တွေဖြစ်​လာပြီးတဲ့​နောက် ဘာ​တွေဆက်​ဖြစ်​မှာလဲဆိုတာကို g talk​ခေတ်​က အမှတ်​တရ​တွေပြန်​လည်​ခံစားရင်​းကြည်​့ရှုရမယ်​့ ကား​ကောင်​း​လေးတစ်​ကားဖြစ်​ပါတယ်​…

Kathleen​နေရာမှာ သရုပ်​​ဆောင်​တာက​တော့ Meg Ryan ဖြစ်​ပြီး Joe Fox​နေရာက​တော့ ကျွန်​​တော်​တို့ရဲ့အချစ်​​တော်​ကြီး Tom Hanksဖြစ်​ပါတယ်​…

Imdb rating 6.6 အထိရရှိထားတဲ့ဇာတ်​ကားလည်​းဖြစ်​ပါတယ်​…

Watch You’ve Got Mail