Sleepless in Seattleထဲက လိုက်ဖက်တဲ့အတွဲလေးဖြစ်တဲ့ တွန်ဟန့် နဲ့ မက် တို့ပဲပြန်ပြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးပါ…..
ဒီဇာတ်ကားလေးက တကယ်တော့ Sleepless In Seattleကို ကျော်သွားအောင်လို့ ရိုက်ကူးထားတဲ့ အချစ်ဟာသ ဇာတ်ကားလေးပဲဖြစ်ပါတယ်…
မိဘတွေရဲ့အမွေဖြစ်တဲ့ ကလေးစာအုပ်ဆိုင်လေးကိုဦးစီးလုပ်ကိုင်နေတဲ့ မိန်းမချောလေး Kathleen Kelly ဟာ တစ်နေ့မှာတော့ သူ့စာအုပ်ဆိုင်လေးကို ပိတ်ပစ်ရမယ့်အခြေအနေမျိုးဖြစ်လာပါတယ်..
အကြောင်းကတော့ မနေ့တစ်နေ့ကမှ စာအုပ်တိုက်လုပ်ငန်းကိုဝင်ရောက်လာပြီး ပြိုင်ဘက်တွေကို ဗျူဟာကျကျတိုက်ခိုက်တတ်တဲ့ Joe Foxကြောင့်ပါပဲ…
Discount တွေချတယ်…ပတ်ဝန်းကျင်ကိုစည်းရုံးတယ်…စတဲ့ ဗျူဟာတွေနဲ့အခြားစာအုပ်ဆိုင်တွေကို အနိုင်ယူနိုင်ခဲ့ပေမယ့် လုပ်ငန်းအတွေ့အကြုံရင့်နေတဲ့ Kathleen ကိုရင်ဆိုင်ရာမှာတော့ ခက်ခဲခဲ့ပါတယ်…
ဒီလိုစီးပွားရေးလုပ်ငန်းရှင်နှစ်ဦး ပြိုင်ဆိုင်ရာကနေ ချက်ချင်းကြီး တစ်ယောက်နဲ့တစ်ယောက်ကြိုက်သွားရင် မြန်မာကားဆန်သွားမှာပေါ့ဗျာ.. ဒီဇာတ်ကားကိုဇာတ်အိမ်တည်ထားတဲ့ အချိန်က ကျနော်တို့social network တွေရဲ့ ဘိုးအေကြီး g talk တို့ခေတ်မှာပါ…
chatting တွေစတင်ပေါ်ပေါက်လာတဲ့အဲ့အချိန်မှာ kathleen မှာကော Joe မှာပါ နာမည်အတုနဲ့ဖွင့်ထားတဲ့ account တွေကိုယ်စီရှိနေပါတယ်…စီးပွားရေးလုပ်ငန်းတွေအဆင်မပြေတိုင်း onlineပေါ်မှာ ရင်ဖွင့်ရင်းနဲ့ သူတို့နှစ်ဦးခင်သွားကြပါတယ်…အပြင်လောကမှာ စီးပွားရေးပြိုင်ဘက်ဖြစ်နေပေမယ့် onlineပေါ်မှာတော့သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်နှစ်သိမ့်ကူညီနေတဲ့မိတ်ဆွေတွေဖြစ်လာပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို g talkခေတ်က အမှတ်တရတွေပြန်လည်ခံစားရင်းကြည့်ရှုရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
Kathleenနေရာမှာ သရုပ်ဆောင်တာကတော့ Meg Ryan ဖြစ်ပြီး Joe Foxနေရာကတော့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Tom Hanksဖြစ်ပါတယ်…
Imdb rating 6.6 အထိရရှိထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်…



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
