အခုတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ဇာတ်ကားကတော့ မင်းသားကြီး Liam Neesonပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကြမ်းကားဖြစ်ပါတယ်။
အသက်ကြီးပေမဲ့ခုချိန်ထိ actionခန်းတွေမှာ ကောင်းကောင်းသရုပ်ဆောင်နိုင်သေးတဲ့မင်းသားကြီး Liam Neesonရဲ့သရုပ်ဆောင်ချက်တွေကို
မြင်ရမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့
-----------------------------
စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ ထရက်ဗစ်က စစ်တပ်ကနေ ထွက်ခွာလာတဲ့အချိန်FBIက သူ့ရဲ့ရဲဘော်ရဲဖက်ဟောင်းနဲ့အတူအလုပ်လုပ်နေခဲ့ပါတယ်။
အမြဲတမ်း အန္တရာယ်တွေကြားမှာ နေခဲ့ရတော့ မိသားစုကလဲ သူ့ကို အမြင်မကြည်ကြတော့ပါဘူး။ ဒါပေမဲ့ သူအသက်ကြီးနေပြီးဖြစ်လို့
သူလဲ သူ့မြေးမလေးနဲ့အတူတူ ဆော့ကစားဖို့အတွက် အနားယူဖို့ကြိုးစားရာမှာFBIက သူ့ကို နောက်ဆုံးတာဝန်တစ်ခုပေးလိုက်ပါတယ်။
အဲ့ဒီ တာဝန်ကို ထမ်းဆောင်ရင်းနဲ့ ဘယ်လိုပြသာနာတွေ ဘယ်လိုလျို့ဝှက်ချက်တွေကို သူတွေ့မြင်ရတော့မှာလဲ။
ရင်တုန်စရာကောင်းတဲ့ actionခန်းတွေနဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ ကြည့်ရှု့ခံစားပေးကြပါအုံးခင်ဗျာ
Translate and Encoded by Zion