ဒုတိယကမ္ဘာစစ်ကာလမှာဇာတ်အိမ်တည်ထားတဲ့ အမွေလု ထိုင်းဇာတ်ကားကောင်း အသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
မင်းသားထာတရီက နဂိုတည်းကချမ်းသာတဲ့ဘဝကဆင်းသက်လာသူ။ ချမ်းသာပြီး စိတ်ကောင်းရှိတော့ မနာလိုသူပေါတယ်။ အဲဒီထဲကမှသူဌေးတစ်ယောက်က ထာတရီ့ကိုလုပ်ကြံလိုက်လို ထာတရီတစ်ယောက် ချူးတစ်ပြားမှမရှိတဲ့ပြာပုံဘဝကိုရောက်သွားတော့တယ်။ ဒါပေမဲ့အဲဒီအချိန်မှာ သူ့ကျောင်းနေဖက်သူငယ်ချင်း နာမည်လည်းတူတဲ့ထာတရီနဲ့ ပြန်တွေ့ကြတယ်။ ထာတရီက သူ့အမေကိုယ်စား ဦးလေးဆီကရတဲ့အမွေတွေကိုသွားယူဖိုအလုပ်၊ ဗုံးကြဲဒဏ်တွေကြားမှာ ခြေထောက်ထိသွားလို မင်းသားထာတရီက ကိုယ်စားအမွေသွားယူပေးဖိုဖြစ်လာပါတော့တယ်။
မင်းသမီးလေးရာဂျစ်ကတော့ ရည်းစားရဲ့သစ္စာဖောက်ခြင်းကိုလည်းခံရ၊ အဘိုးပါတစ်ပြိုင်နက်ဆုံးသွားတော့ အရမ်းခံစားသွားရရှာတယ်။ အဘိုးကမသေခင်မှာ အမွေတွေထားခဲ့ကြောင်း ရှေ့နေကလာပြောပြတော့တယ်။ ရာဂျစ်ရဲ့အဘိုးက အရန်ထာတရီရဲ့ဦးလေးဖြစ်နေပြီး အရန်ထာတရီကိုယ်စား မင်းသားထာတရီက ကိုယ်စားအမွေသွားယူချိန်မှာ ထာတရီနဲ့ ရာဂျစ်တိုကြားဘယ်လိုသံယောဇဉ်ဖြစ်လာမလဲ ဒီအမွေတွေကိုရောဘယ်ထာတရီက ပိုင်ဆိုင်သွားမလဲဆိုတာ ဒီကားထဲမှာအသေအချာကြည့်ရှုရမှာပါ




