မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို သရော်တဲ့ဇာတ်ကားတွေထဲ ဒီကားကတော့ အတော်နာမည်ကြီးပါတယ်။
ဇာတ်လမ်းက James Franco က Talk Show Host တစ်ယောက်ဖြစ်ပြီး Seth Rogen က Producer ဖြစ်ပါတယ်။ သူတို့ရဲ့ Show က အတည်ပေါက် Interview မဟုတ်ပဲနဲ့ ဟာသဆန်ဆန်ဖြစ်နေတာကြောင့် လူတွေလေးစားလောက်မယ့် Interview မျိုးလုပ်ချင်နေပါတယ်။ တစ်နေ့မှာ စာစောင်တစ်ခုက ဆောင်းပါးမှာ Kim Jong-un က သူတို့ Show ရဲ့ ပရိတ်သတ်ဖြစ်တယ်လို့ သိသွားရာကနေ Interview လုပ်ဖို့ဖြစ်လာပါတယ်။ ဒီကနေ အားလုံးသိတဲ့အတိုင်း CIA က Kim Jong-un ကို သတ်ပေးဖို့ တာဝန်ပေးလာပါတယ်။ တကယ်တမ်းမြောက်ကိုရီးယားကို ရောက်သွားတော့ James Franco ရဲ့ Character ဖြစ်တဲ့ Dave Skylark က Kim Jong-un ရဲ့ ညာတာခံရပြီး အစီအစဉ်တွေပြောင်းသွား ပုံကို ဟာသဆန်ဆန်တင်ဆက်ထားပါတယ်။
ဇာတ်ကားက Comedy ဖြစ်ပြီး သတင်းလွတ်လပ်ခွင့်နဲ့ အထိန်းအချုပ်ကြား ဘယ်လိုမှ မအပ်စပ်တဲ့ အခြေအနေကို ဖော်ကျူးထားပါတယ်။
Translated by – Nezu
Encoded by – Nezu