သေခြင်းတရားဆိုတာလက်တွေ့သိရှိနိုင်ဖိုအတွက်
ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ရချိန်မျိုး ဒါမှမဟုတ်
သေခြင်းတရားက ကိုယ်ချစ်ရတဲ့သူတစ်ယောက်ဆီကို
ရောက်လာတဲ့အချိန်မှာ ဒါကိုလက်ခံနိုင်ဖိုဆိုတာ
လွယ်ကူတဲ့ကိစ္စရပ်တစ်ခု ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတာကို
ဖော်ညွှန်းပြသွားနိုင်ခဲ့တဲ့ ဇာတ်ကာလေးဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲက ဇာတ်ကောင် တစ်ယောက်ဖြစ်တဲ့ Julia Louis-Dreyfus
ရဲ့ခံစားချက်တွေဟာဒီကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းရဲ့ခံစားချက်နဲ့
အရမ်းကိုချိတ်ဆက်မိနိုင်မှာပဲဖြစ်ပါတယ်။
ကိုယ်ချစ်ရတဲ့သူတွေကို ခွန်အားအပြည့်နဲ့ ဆုပ်ကိုင်ထားချင်ပေမယ့်လည်း
စွန့်လွှတ်ဖို သင်ယူရတဲ့အပြင် ဆုံးရှုးလိုက်ရသူတစ်ယောက်ယောက်ကို
ဆုံးရှုးခဲ့ရသူအနေနဲ့ မဖြစ်မနေဖြတ်သန်းရတော့မယ့် နှစ်ဖက်လုံးရဲ့ နာကျင်မှုတွေကို
နားလည်သဘောပေါက်ဖို ဒီဇာတ်ကားလေးကမီးမောင်းထိုးပြထားပါတယ်။
ဘဝရဲ့ အနှစ်သာရအမှန်တွေကို ချပြသွားနိုင်ခဲ့တဲ့ ဇာတ်ကာလေးဖြစ်ကြောင်းညွှန်းဆိုလိုက်ပါတယ် ခင်ဗျာ။
Translated & Reviewed by Ethan
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်