The Six Triple Eight 2024
ကိုယ့်မိဘ၊ ကိုယ့်ချစ်သူဆီက “ကျန်းမာရေးဂရုစိုက်နော်” ဆိုတဲ့ စာလေးတစ်ကြောင်းက တိုက်ပွဲဝင်နေတဲ့ စစ်သားတွေအတွက်
အင်မတန်မှကို နွေးထွေးပြီး အားရှိအောင်လုပ်ပေးနိုင်ပါတယ်
ဒီဇာတ်ကားလေးဟာ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို ရိုက်ကူးထားတာဖြစ်ပါတယ်
အဲခေတ်တုန်းက လူဖြူ-လူမည်းခွဲခြားမှုတွေ ရှိနေသေးခဲ့ပြီးတော့ လူမည်းအမျိုးသမီးတွေကိုဆိုရင် အင်မတန်မှကို အထင်အမြင်သေးခဲ့တဲ့ အချိန်အခါဖြစ်ပါတယ်
ဇာတ်လမ်းမှာ စစ်ပွဲအတွင်း ရှေ့တန်းစစ်သားတွေဆီကို နောက်တန်းကပို့တဲ့ စာတွေဟာ တစ်စောင်မှကို မရောက်ခဲ့ကြပါဘူး
ဒါနဲ့ပဲ စိတ်ပူနေတဲ့ မိဘတွေ၊ အမျိုးသမီးတွေက သမ္မတကတော်ဆီ သွားပြောကြတော့တဲ့အခါ ဖြစ်ကြောင်းကုန်စင်နောက်ကြောင်းလိုက်ပြီး
နောက်ဆုံး လူမည်းအမျိုးသမီးတွေချည်းစုထားတဲ့ တပ်ရင်းကိုတာဝန်ပေးဖို့ဖြစ်လာပါတယ်
ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာမလို့ တစ်ချိန်ကတကယ်ဒီလိုတွေဖြစ်ခဲ့တာပါလားဆိုပြီး ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
Translated & Reviewed by Phoenix
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်