Outrun (2024)
ဇာတ်ဆောင်ဖြစ်သူရိုနာရဲ့ ကုစားခြင်းနဲ့ မိမိကိုယ်ကိုယ်ရှာဖွေခြင်းခရီးစဉ်ကို အော်ကနီရဲ့ အရိုင်းဆန်ဆန်အလှတရားနဲ့ နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ သဘာဝတရားကြီးနဲ့ ဆက်စပ်မှုဟာ ရိုနာရဲ့အတွင်းပိုင်းရုန်းကန်မှုတွေကို ထင်ဟပ်စေတဲ့ အဓိကအချက်ဖြစ်လို့ပါပဲ အတိတ်က ခါးသက်လှတဲ့အတွေ့အကြုံတွေရဲ့ ရောင်ပြန်ဟပ်မှုကနေ ရရှိလာတဲ့ ဇာတ်ကောင်ရဲ့ အတွေးအခေါ်တွေကို ပင်လယ်၊နေမင်း၊ကောင်းကင်၊ တိမ်တိုက်တွေနဲ့ တင်စားဖော်ပြထားတာပါ တစ်နည်းအားဖြင့် ဒါဟာလူသားတွေနဲ့ ကမ္ဘာမြေကြီးဟာ တစ်နည်းနည်းနဲ့ ဆက်နွှယ်နေတယ်ဆိုတာကို ပြသထားတာပါပဲ
ဒီဇာတ်လမ်းဟာ အတိတ်ကနေရုန်းထွက်ဖို့တင်မဟုတ်ဘဲ ဘဝရဲ့အရှုပ်ထွေးတွေ အပြောင်းအလဲတွေကိုပါ နားလည်လက်ခံတတ်ဖို့ တင်ပြထားတာပါ ဇာတ်လမ်းရဲ့အရှိန်အဟုန်ဟာ နှေးကွေးတယ်ခံစားရပေမဲ့ ရိုနာရဲ့ ကုစားခြင်းခရီးစဉ်ကို ရင်သပ်ရှူမောစရာ သဘာဝအလှတရားတွေနဲ့ လှလှပပဖော်ကျူးထားတာဖြစ်လို့ ဖြည်းဖြည်းငြိမ့်ငြိမ့်ခံစားချက်ကို ခံစားရမှာပါ ကုစားခြင်းခရီးစဉ်ဟာ လွယ်ကူတဲ့အရာမဟုတ်ပေမဲ့ ခရီးလမ်းတစ်လျှောက်မှာ မထင်မှတ်ထားလောက်စရာ လှပတဲ့ရလဒ်တွေကိုလည်း ကြုံတွေ့ရနိုင်တာကြောင့် ထွက်ရကျိုးနပ်တဲ့ ခရီးစဉ်တစ်ခုဖြစ်စေမှာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်