The Accountant 2 (2025)
၂၀၁၆မှာထွက်ရှိခဲ့တဲ့ ပထမဇာတ်ကား အဖြစ်အပျက်များအပြီး နှစ်အတန်ကြာမှ ထွက်ပေါ်လာတာဖြစ်ပါတယ် ခရစ်ဝုဖ်ဟာ စာရင်းကိုင်တစ်ယောက်အဖြစ် အပေါ်ယံမှာမြင်ရပေမဲ့ တကယ့်ဘဝထဲမှာတော့ ဉာဏ်ရည်ကောင်းမွန်ပြီး စစ်ဘက်အဆင့် တိုက်ခိုက်ရေး ကျွမ်းကျင်သူတစ်ဦးပါ
တစ်ကိုယ်တည်း အေးအေးလူလူဖြတ်သန်းနေရင်း တစ်နေ့မှာ အမေရိကန်ငွေတိုက်ဌာနရဲ့လက်ထောက်ဒါရိုက်တာ မယ်ရီဘက်မက်ဒီနာက သူမရဲ့ ခေါင်းဆောင်ဟောင်း ရေမွန်ကင်း အသတ်ခံရမှုကို စုံစမ်းစစ်ဆေးပေးဖို့ ခရစ်ကိုဆက်သွယ်လာခဲ့ပါတယ် စုံစမ်းစစ်ဆေးမှုတစ်လျှောက် လူကုန်ကူးမှုနဲ့ ရာဇ၀တ်မှုဆိုင်ရာ ရှုပ်ထွေးမှူတွေကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး သူ့ညီဖြစ်သူ ဘရာဇွန်နဲ့အတူ အန္တရာယ်များလှတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ရပါတော့တယ်
သူတို့ရဲ့တာဝန်ကတော့ အဲဘတ်တိုဆိုတဲ့ ကောင်လေးကို Harbor ဆိုတဲ့နေရာအထိ လုံခြုံစွာ ပို့ ဆောင်ပေးဖို့ဖြစ်ပါတယ် ဒါပေမဲ့ လမ်းကြောင်းတလျှောက်မှာတော့ သူတို့နောက်ကိုလိုက်လာသူတွေနဲ့ ရင်ဆိုင်ရသလို၊ သူတို့ရဲ့တိပ်မြုပ်နေတဲ့ အတိတ်တွေနဲ့လည်း ထပ်မံရင်ဆိုင်ရပါတယ် အပေါ်ယံမမြင်ရတဲ့ မျက်နှာဖုံးပေါ်က အမှန်တရားတွေ၊ မိသားစုဆက်ဆံရေးတွေ၊ ယုံကြည်မှုတွေကို တဖြည်းဖြည်းနဲ့ ချပြလာတာကို ကြည့်ရှုရမှာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
