ဒီကားလေးကတော့ ခရစ်ပတိုငွေကြေးလဲလှယ်မှုနဲ့ သိပ်မစိမ်းတဲ့သူတွေ Trading အကြောင်း နည်းနည်းပါးပါးသိတဲ့လူတွေဆိုရင်တော့ ကြည့်ရတာပိုစိတ်ဝင်စားစရာကောင်းမယ် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်ကားမှာ ဘီလီ ဟာ ပိုက်ဆံမရှိလို့ မိန်းမဖြစ်သူနဲ့ သမီးဖြစ်သူတို့နဲ့ ခွဲနေနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
တစ်ရက်မှာ သူ့မိတ်ဆွေဖြစ်သူ ဒွန် ဆီက ပိုက်ဆံချေးပြီး Tulip ကနေ ခရစ်ပတိုတွေကို အရောင်းအဝယ်လုပ်ရတာ တက်တက်စင်အောင် ရှုံးသွားပါတော့တယ်။
တကယ်က Tulip Founder က အကုန်လုံးကိုလိမ်ပြီး သေချင်ယောင်ဆောင်သွားတာဖြစ်ပါတယ်။
အဲမှာ ဘီလီတစ်ယောက် သူ့မိတ်ဆွေ ဒွန်ရယ် အခြားအဆက်အသွယ်တစ်ယောက်ဖြစ်တဲ့ အီဗာ တို့နဲ့ သုံးယောက်ပေါင်းပြီး Founder ဖြစ်သူထံကနေ Cold Wallet တွေကို ခိုးယူဖို့ကြိုးစားကြတဲ့အခါ အဆင်ပြေကြပါ့မလား အောင်မြင်အောင်ရော ဘာတွေပေးဆပ်လိုက်ရလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်
Translated & Reviewed by Phoenix
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်




