မိသားစုဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင်
မိန်းကလေးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ
အသက်ဆယ့်ခြောက်နှစ်နဲ့ကိုယ်ဝန်ရခဲ့ပြီး
သမီးလေးတစ်ယောက်မွေးထားပေမယ့်
အဲဒီသမီးကလည်းငယ်ငယ်နဲ့ကလေးတစ်ယောက်ရလာတော့
မြေးကိုပါထိန်းနေရတဲ့ သက်လတ်ပိုင်းမိန်းမတစ်ယောက်ရဲ့ဘဝအခြေအနေတွေ
နေထိုင်မှုပုံစံတွေကိုသေသေချာချာရိုက်ပြထားတာပါ
တစ်ရက်သူ့သမီးကကောင်လေးနဲ့ညစာထွက်စားပြီးပျောက်သွားတဲ့အခါမှာတော့
သူ့သမီးကိုလည်းရှာရ မြေးကိုလည်းထိန်းရ
ဒီကြားထဲသူ့ရဲ့ပင်ကိုယ်စရိုက်အရယောကျာၤးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့တွဲ
တွဲသမျှယောကျာၤးတိုင်းရဲ့အနိုင်ကျင့်တာခံလိုက်ရ
ထားသွားတာခံလိုက်ရနဲ့သူ့ရဲ့ဘဝကိုလက်လွှတ်အရှုံးပေးချင်ပေမယ့်လည်း
သူ့သမီးကိုရှာတာကလည်းလက်မလျော့ မြေးကိုလည်းမထားခဲ့နိုင်နဲ့
နောက်ဆုံးသူ့ရဲ့မျှော်လင့်ချက်သမီးသတင်းကိုကြားရတဲ့အချိန်မှာ
သတင်းကောင်းဖြစ်မလား သတင်းဆိုးဖြစ်မလား
သူ့ဘဝကိုရော သူဒီအတိုင်းဆက်သွားပြီနေမလား
ဘာတွေဘယ်လိုသူဆက်လုပ်မလဲဆိုတာကို ကြည့်ရှုရမှာပါ
REVIEW CREDIT
-=-=-=-=-=-=-=-=
ENCODED BY HAY MAN
SIZE-2.3GB
RESOLUTION-1080P
-=-=-=-=-=-=-=-=