မောပန်းနွမ်းနယ်စရာ ကောင်းလှတဲ့ အိမ်ထောင်ရေးဘဝကို အဆုံးသတ်ဖိုအတွက် ကွာရှင်းပြတ်စဲဖို ဆုံးဖြတ်လိုက်ကြတဲ့ မင်္ဂလာဝတ်စုံ ဒီဇိုင်နာ ဇနီးမောင်နှံနှစ်ဦးရဲ့ လက်တွေ့ဆန်တဲ့ ကွာရှင်းမှု အတွေ့အကြုံကို ပုံဖော်ရိုက်ကူးထားတဲ့ Romance Drama ဇနီးမောင်နှံဇာတ်ကားဖြစ်ပါတယ်။
ဖခင်ဖြစ်သူရဲ့ ဝတ်စုံချုပ်ဆိုင်ကို ကြည့်ရှုရင်း အမျိုးသမီး အပ်ချုပ်ဆရာမတစ်ယောက် ဖြစ်လာဖို အိပ်မက်မက်ခဲ့သူ ဘက်ခ်မီယောင်း (Lee Min-Jung) ဟာ မထင်မှတ်ထားတဲ့ မတော်တဆမှုကြောင့် မိဘနှစ်ပါးလုံးကို ဆုံးရှုးလိုက်ရပြီးနောက် အလုပ်ထဲမှာပဲ စိတ်နှစ်မြှုပ်ထားခဲ့သူပါ။ သူမဟာ ဘေးနားမှာ ကာလရှည်ကြာ ရပ်တည်ကူညီပေးခဲ့တဲ့ မင်္ဂလာဝတ်စုံ ဒီဇိုင်နာ ဂျီဝန်းဟို (Kim Ji-Seok) နဲ့ လက်ထပ်ခဲ့ပြီး G&White ကုမ္ပဏီကို အတူတကွ တည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အကျပ်အတည်း အမျိုးမျိုးကို အတူတကွ ကျော်ဖြတ်ခဲ့ကြပေမဲ့လည်း အိမ်ထောင်သက် ၇ နှစ်အကြာမှာတော့ မီယောင်းဟာ ဝန်းဟိုကို ကွာရှင်းဖို ပြတ်ပြတ်သားသား ကြေညာခဲ့ပါတယ်။
မီယောင်းရဲ့ ခင်ပွန်းဖြစ်သူ ဂျီဝန်းဟို ကတော့ G&White ရဲ့ ပူးတွဲ CEO နဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ပြီး ပထမဆုံး အလုပ်မှာ မီယောင်းကို မြင်မြင်ချင်း ချစ်ကြိုက်ခဲ့ကာ ၆ လအကြာမှာပဲ လက်ထပ်ခွင့်တောင်းခဲ့သူပါ။ အေးချမ်းသာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားခဲ့ကြပေမဲ့ အိမ်ထောင်သက် ၄ နှစ်မြောက်မှာ ဖြစ်ပွားခဲ့တဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် သူတိုရဲ့ ဆက်ဆံရေးဟာ အပြောင်းအလဲကြီး ပြောင်းလဲကာ အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ချစ်သူဘဝကနေ ရန်သူလို ဖြစ်သွားကြတဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ အက်ကြောင်းထနေတဲ့ ဆက်ဆံရေးနဲ့ မင်္ဂလာဝတ်စုံ လုပ်ငန်းခွင်ကြားက ရှုပ်ထွေးဆန်းပြားမှုတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားသည့် K-Drama ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်
#OK!Let’sGetDivorced_mmsub
Translated by MMFILM
Encoded by KIRA