ဒီတစ်ခါမှာတော့ Marvel studio ကနေပြီး တင်ဆက်လိုက်တဲ့ IMDb Rating – 8.4/10 ရရှိထားတဲ့
လူရိုက်တဲ့မျောက်ဇာတ်ကားကိုတင်ဆက်ပေးမှာပါ။ ဇာတ်ဘမ်းတွဲကတော့ စုစုပေါင်း ဆယ်ပိုင်းပါဝင်ပါတယ်။
ခေါင်းစဉ်အတိုင်းကွတ်တိပါပဲ လူတွေကိုတစ်ပိုင်းပြီးတစ်ပိုင်းလိုက်ရိုက်တာပါ။ ဒိတစ်ပိုင်းမှရိုက်လိုမဝရင်
နောက်တစ်ပိုင်းလည်း လိုက်ရိုက်ပါတယ်။ ဆရာကြီးက အစကတော့ ဒီအတိုင်းတောအုပ်ထဲက မျောက်တစ်ကောင်ပါ။
နောက်တ်ခုသာသွားတာကတော့ သူပနည်းနည်းလေးဉာဏ်ပိုကောင်းနေတာပါပဲ။
ဒါပေမဲ့ သူတိုဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာတဲ့ အရမ်းတော်တဲ့ ကြေးစားလူသတ်သမားကို
ကယ်တင်လိုက်မိပြီးနောက်မှာတော့ မျောက်က လုံးဝကို Over Power ြဖစ်သွားတာပါပဲ။
သူ့ဆီကနေ အတိုက်အခိုက်အသတ်အဖြတ် ပညာတွေ သင်ယူတက်သွားသလိုဖြစ်သွားခဲ့ပါတယ်။
တစ်ရက်ကျလူသတ်သမားနောက်ကို လိုက်သတ်လာတဲ့ လူတစ်စုကြောင့်
သူ့ရဲ့ ဆွေမျိုးတွေအကုန်သေပြီး လူသတ်သမားလည်း သေသွားတဲ့အခါ ဒီလိုလုပ်တဲ့လူတွေကို
ရေဆုံးမြေဆုံးကလဲ့စားချေဖို သေနတ်တွေဓားတွေကို ဆွဲပြီး ထွက်လာပါတယ်။
မျောက်ကဘယ်လောက်ထိလိုက်ရိုက်လဲဆို နောက်ပိုင်းကျ စွမ်းအားရှိတဲ့သူတွေကိုပါလိုက်ရိုက်တဲ့အထိကြမ်းပါတယ်။
မာဗယ်ကာတွန်းဆိုတဲ့အတိုင်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့အထာကျကျ ရိုက်ကူးထားတာမို
အတော်လေးကြည့်လိုကောင်းမှာ သေချာပါတယ်။ ပိုဆိုးတာက မျောက်ကပါလိုက်ပြီးတော့ဆိုက်ပိနေတာပါပဲ။
ဇာတ်လမ်းတစ်လမ်းလုံးကလည်း ဆိုဒ်ပိပိနဲ့ ရိုက်ကူးထားတာပါ။
ဆိုတော့ဗျာ ဒီလိုဆိုဒ်ပိတဲ့လူရိုက်တဲ့မျောက်ကိုကြည့်ရင်း
ကျွန်တော်တိုလည်းဆိုဒ်လိုက်ပိလိုက်ရအောင်။