Status: Completed Duration: 1 hr. 19 min Type: Movie
ဒီကားကတော့ လောလောလတ်လတ်ထွက်ရှိထားတဲ့ DCရဲ့ Animation ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
ဇာတ်လမ်းကတော့ ပုံမှန် Justice League Memberတွေအကြောင်းမဟုတ်ပဲနဲ့ စူပါမန်းရဲ့သား ဂျွန်နသန် နဲ့ ဘတ်မန်းရဲ့သား ဒေမီယန်အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ
ဂျွန်နသန့်ကန့် ကသူ့အဖေစူပါမန်းဆိုတာမသိတဲ့ကောင်လေးတစ်ယောက်ပါ တစ်နေ့မှာတော့ သူ့အဖေကစူပါမန်းဆိုတာသိသွားပြီးနောက်ပိုင်း ဘာတွေဖြစ်လာမလဲ
စူပါမန်းရဲ့သားဖြစ်ရတာ ဘာတွေတာဝန်ကြီးလဲဆိုတာရယ်ကိုလည်းမြင်ရမှာဖြစ်သလို ဘတ်မန်းရဲ့ သား ဖတဆိုးလေး ဒေမီယန်ကကော ဒီကားထဲမှာဘယ်လိုဇာတ်လမ်းကိုပိုကောင်းသွားအောင်အားဖြည့်ပေးမလဲ
သူတိုနှစ်ယောက်ရဲ့ဖခင်တွေမရှိတဲ့အခိုက်အတန့်မှာကြုံတွေ့ရတဲ့အခက်အခဲတွေကို သူတိုနှစ်ယောက်ကကိုင်တွယ်ဖြေရှင်းတာကလည်းကြည့်ပျော်ရှုပျော်ဖြစ်စေပါတယ်
ဒီဇာတ်ကားလေးကတော့ Animationကြိုက်တဲ့သူတွေအတွက်ဖြစ်လို ကြည့်ဖိုတိုက်တွန်းအပ်ပါတယ်
Translated and Reviewed by Paing Thu Kyaw
Encoded by Aye Chan