အခုတင်ဆက်ပေးမှာကတော့ DC ရဲ့ စူပါဂဲလ်နဲ့အဓိကဇာတ်အိမ်တည်ထားတဲ့ comics ဇာတ်လမ်းလေးပါ.။
ခရစ်ပတွန်ဂြိုဟ်ပျက်စီးပြီး မောင်ဖြစ်သူစူပါမန်းကို ရှာဖွေဖို့
ကမ္ဘာပေါ်ကိုရောက်လာတဲ့ စူပါဂဲလ် ကာရာဟာ…စူပါမန်း ဘက်ဒ်မန်းတို့နဲ့လက်တွဲပြီး ကမ္ဘာကြီးကိုကယ်တင်တဲ့ မစ်ရှင်တွေလုပ်ဆောင်ရာမှာ မကိုက်ညီတဲ့အနေအထားတွေ ပတ်ဝန်းကျင်တွေကြောင့် အတော်လေးအဆင်မပြေဖြစ်ရပါတယ်..။
ဒါကိုသိတဲ့ စူပါမန်းက သူမကို ၂၁ ရာစုထက်ပိုခေတ်မီပြီး သူမအသားကျနိုင်လောက်မယ့် ၃၁ ရာစုကို အချိန်ခရီးသွားစက်လေးနဲ့ ပို့ပေးလိုက်တဲ့အခါ….။
သူမလို စွမ်းအားရှင်လူသားတွေ စုနေတဲ့ လီဂျင်အကယ်ဒမီ…
နောက်တော့ သူမနဲ့ အစေးမကပ်တဲ့ ကလုန်းဂြိုဟ်သား ဘရိန်နိယက် ၅…
နောက်ပြီးအသစ်ပြန်လည် နိုးထလာပြန်တဲ့ အမှောင်စက်ဝန်း…
စူပါဂဲလ်နဲ့ အပေါင်းအပါဟီးရိုးတွေရဲ့ စွန့်စားခန့်နဲ့
ခပ်ပါးပါးပါဝင်တဲ့ JL ရဲ့ ပဟေဠိဆန်တဲ့ ဇာတ်ကြောင်းတွေကိုပါ တွေ့မြင်ရမှာပဲဖြစ်ပါတယ်
IMDB 5.3 ရရှိထားတာကြောင့် ရှူစားကြပါဦး
Reviewed and Translated by Ariel Encoded by Aye Chan



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
