ထူးဆန်းတဲ့ မွေးဖွားမှုနဲ့ မွေးဖွားလာတဲ့ မျောက်ဘုရင်ဟာ သူ့ရဲ့ အံ့မခန်းတုတ်ချောင်းနဲ့ နတ်ဆိုး၊ နဂါးဘုရင်နဲ့ နတ်ဘုရားတွေကို တိုက်ခိုက်ပြီး အောင်ပွဲတွေရရှိခဲ့ပါတယ် သူရဲ့အတောမသတ်နိုင်တဲ့ အတ္တတွေကြောင့် သူ့ရဲ့ဆန္ဒ အစစ်အမှန်ဟာ တိမ်မြုပ်သွားခဲ့ပါတယ်
စွန့်စားခန်းတွေကို နှစ်သက်တဲ့ မျောက်ဘုရင်ဟာ သူ့ရဲ့ ထာ၀ရရှင်သန်ခြင်း ရှာပုံတော် ခရီးစဉ်ကို စတင်ခဲ့ပါတယ်
အဲဒီခရီးစဉ်တစ်လျှောက်မှာ သူဆင်းရဲ မိန်းမငယ်လေးက သူ့ရဲ့ အတ္တဆန်မှူတွေကို ထောက်ပြခဲ့ပြီး သေးငယ်တဲ့ ကျောက်စရစ်ခဲလေးဟာလည်း ကမ္ဘာကို ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်စေနိုင်ကြောင်း သက်သေပြခဲ့ပါတယ်
နောက်ဆုံးမှာ မျောက်ဘုရင်က လှည့်ကွက်တွေကြား မသေမျိုးစွမ်းအင်ကို ဘယ်လိုရရှိသွားမှာလဲ သူ့ရဲ့ လမ်းကြောင်းအစစ်အမှန်ကိုရော ရှာတွေ့သွားနိုင်မှာလားဆိုတာကို ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်
Reviewed by Hyo
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ




