ဒီဇာတ်ကားကိုတော့ Rowoon နဲ့ Jo Boah တိုပါဝင်ထားတာဖြစ်ပြီး အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ Visual ချောချောတွေနဲ့စီးမြောရမယ့် အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်…
ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့…
အီဟုန်းဂျိုကတော့ အနိမ့်ဆုံးအဆင့်ပြည်သူဝန်ထမ်းတစ်ဦးဖြစ်ပြီးတော့…သူမက အလုပ်မှာတော့ တိုင်ကြားစာတွေအများကြီးဝင်လာတဲ့အခါတောင် မငြီးမငြူဘဲ အကောင်းဆုံးကြိုးစားပြီးလုပ်တတ်တဲ့သူပါ။ ဒါပေမယ့် သူမရဲ့ လက်တွေ့ဘဝကတော့ အရမ်းအထီးကျန်ဆန်လွန်းလှပါတယ်။ တစ်နေ့မှာတော့သူမက သေတ္တာဟောင်းတစ်ခုကို ကောက်ရပြီးတော့ ဂျန်ရှင်းယူ ရဲ့ ကျိန်စာကိုရုတ်သိမ်းဖို ဖြစ်လာပါတော့တယ်….
ဂျန်ရှင်းယူကတော့ ရုပ်ရည်ရော အရည်အချင်းကပါပြောစရာမလိုအောင်ပြီးပြည့်စုံတဲ့ ရှေ့နေ့တစ်ယောက်ဖြစ်ပြီးတော့….သူသွားတဲ့နေရာတိုင်းမှာ အရေးပေးခံရတဲ့အဓိကလူတစ်ယောက်ဖြစ်ပေမယ့် အမည်မသိတဲ့ရောဂါတစ်ခုကိုခံစားနေရတာလည်းဖြစ်ပါတယ်။ရောဂါရဲ့အခြေအနေက တဖြည်းဖြည်းပိုဆိုးလာပြီးတော့ မိသားစုမျိုးဆက်အလိုက်လက်ဆင့်ကမ်းလာခဲ့တဲ့ ကျိန်စာကိုပယ်ဖျက်ဖိုကြိုးစားနေတဲ့သူပါ….
ရာစုနှစ်များစွာ ကျိန်စာတစ်ခုဖြင့် ချည်နှောင်ထားခြင်းခံရတဲ့ ရှေ့နေတစ်ဦးက သူ့ရဲ့ကျိန်စာကိုဖြေဖျောက်ပေးမယ့် ပြည်သူ့ဝန်ထမ်းမလေးနဲ့တွေ့ဆုံမိပြီး မထင်မှတ်ထားတဲ့ အချစ်ဇာတ်လမ်းလေးတွေကို ကြည့်ရှုရမယ့် Romance Fantasy ဇာတ်ကားလေးဖြစ်ပါတယ် ….
Reviewed by Di Ka
Translated by MMFilm KTeam
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
