Sorry, Baby (2025)
ပြင်းထန်သော စိတ်ထိခိုက်စရာအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတဲ့ ကောလိပ်ပါမောက္ခ အက်ဂ်နက်ကို ပုံဖော်ရိုက်ကူးထားတဲ့ အမေရိကန်ဒရာမာဇာတ်ကားဖြစ်ပါတယ် တခြားသူတွေ ရှေ့ဆက်နေရချိန်မှာ အက်ဂ်နက်ဟာ သူမရဲ့ဝမ်းနည်းပူဆွေးမှုတွေနဲ့ ရှုပ်ထွေးမှုများကြား ပိတ်မိနေရသူပါ
အရေးကြီးတဲ့ မှတ်တိုင်တစ်ခုမတိုင်ခင်မှာ သူမရဲ့သူငယ်ချင်းတစ်ယောက်က သူ့ဆီလာလည်တဲ့အခါမှာတော့ ဇာတ်လမ်းဟာ အလှည့်အပြောင်းတစ်ခုဖြစ်သွားပါတယ် ဒီလည်ပတ်မှုကတစ်ဆင့် အက်ဂ်နက်ဟာ သူမကိုယ်သူမ ဘယ်လောက်ထိ တောင့်ခံထားသလဲဆိုတာကို စတင်သိမြင်လာပြီး ရှေ့ကိုတက်လှမ်းဖို့ ခြေလှမ်းသေးသေးလေးတွေ စတင်လုပ်ဆောင်ပါတော့တယ်
စာရေးဆရာ၊ ဒါရိုက်တာနဲ့ သရုပ်ဆောင် အီဗာဗစ်တာဟာ သူမရဲ့ ပွဲဦးထွက်ကို ထူးထူးခြားခြား တင်ဆက်ထားတာပါ သူမရဲ့ ဇာတ်ကြောင်းဟာ ပြတ်သားကာ သူ့ရဲ့ဟာသဟာ ထက်မြက်ပြီး ရုပ်ရှင်ရဲ့ ခံစားချက်အတိမ်အနက်က စွဲမက်ဖွယ်ကောင်းပါတယ် သရုပ်ဆောင်တွေရဲ့ တင်ဆက်မှုတွေက အားကောင်းတာကြောင့် အက်ဂ်နက်ရဲ့ခရီးနဲ့ အမှန်တကယ် ဆက်စပ်မှုရှိစေပါတယ် စိတ်နှလုံးကြေကွဲမှု၊ ခင်မင်ရင်းနှီးမှုနဲ့ ဘဝပျက်သွားပြီးနောက် မိမိရဲ့လမ်းကို ပြန်ရှာဖို့ရာ ခက်ခဲပေမဲ့လည်း ရှေ့ဆက်လျှောက်မဲ့ လုပ်ငန်းစဉ်တွေကို စူးစမ်းထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နေ



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
