ဒီတစ်ခါ ပရိသတ်တွေကို Netflix original series တစ်ဖြစ်လဲ animated series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလဖြစ်တဲ့ 1943 ခုနှစ်မှာ အိုကလာဟိုးမားဒေသက တပ်ဖွဲ့တစ်ဖွဲ့အကြောင်း အခြေခံထားတာပါ။
Thunderbirds (မိုးကြိုးငှက်များ)လို့ အမည်ရတဲ့ ဒီတပ်ဖွဲ့ကို အမေရိကန် မက္ကဆီကန် ကောင်းဘွိုင်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ သူတို့ဟာ အစပိုင်းတာဝန်က နာဇီတွေရဲ့ ပိုင်နက်ကိုဖြတ်ပြီး မိုင် 500 ခရီးကိုသွားရမှာပါ။
သူတို့ရဲ့ ကပ္ပတိန်က ဖိလစ် စပါ့ခ်၊ ကပ္ပတိန် စပါ့ခ်ဟာ နာဇီတွေတဲ့ ရင်ဆိုင်နေရတုန်းမှာပဲ ဒဏ်ရာအပြင်းအထန်ရခဲ့လို့ စစ်ဆေးရုံကို
ပြန်ပို့ခဲ့ရတယ်။ ပြန်သက်သာလာတော့ သူကစစ်မြေပြင်က သူ့တပ်သားတွေဆီပြန်ချင်နေပေမယ့် အိမ်ပြန်ပြီးသူ့ဇနီးမေရီနဲ့သူ့သားဆီပြန်ဖို့ ဖြစ်လာခဲ့တယ်။
အဲ့တော့သူက ခေါင်းဆောင် ကောင်းပီသစွာ သူ့တပ်ဖွဲ့ဆီပြန်ရမလား ခင်ပွန်းကောင်းပီသစွာ သူ့အိမ်ကိုပြန်ရမလား ဝေခွဲမရဖြစ်လာတဲ့အခါ....
ဒီ series ဟာအပိုင်း 4 ပိုင်းသာရှိပြီး ပရိသတ်တွေရဲ့ ရင်ထဲကို နေရာဝင်ယူမယ့် series ကောင်းတစ်ခုဖြစ်ပါတယ်။ လူမျိုးမတူတဲ့တပ်သားတွေရဲ့ အချင်းချင်းကြားက ကူညီဖေးမမှုတွေ စွန့်လွတ်အနစ်နာခံမှုတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
animated series ဆိုပေမယ့် သုံးထားတဲ့ animation တွေဟာ ကြည့်နေရင်းနဲ့တောင် တကယ့်အစစ်လိုခံစားလာရမှာပါ။ တစ်ပိုင်းကို မိနစ် 40/50 ကြာပြီး အပိုင်း 4 ပိုင်းသာပါတဲ့ series ကို ကြည့်ရှုအားပေးကြပါဦးဗျ.
IMDb - 7.6/10
Rotten tomatoes - 69%
-=-=-=-==-=-=
Translated By Wunna
Encoded By Xenon
Resolution - 720P
Size - 400MB
-=-=-=-=-=-=-=-=