Gray Man (2022)
---------------------
ဆီရာ ၆..
သူ့ကို အားလုံးက အဲလိုပဲခေါ်ကြတယ်။ မှတ်တမ်းမရှိ သံယောဇဥ်မရှိ ဘာမှမရှိတဲ့လူ...
သူ့ကို လူတစ်ယောက်က ထောင်ကနေထုတ်ပေးပြီး CIA ရဲ့လျှို့ဝှက်အေးဂျင့်အဖြစ်လေ့ကျင့်ပေးခဲ့တယ်။ သူနံပါတ်တစ်ခုရလာတယ် ...ဆီရာ ၆ တဲ့။
တစ်နေ့ သူ့ကို မစ်ရှင်တစ်ခုပေးအပ်လာရာကနေ သူ့ဘဝတစ်ခုလုံး ပြောင်းပြန်လန်သွားခဲ့တယ်။ ဘာမှန်းမသိတဲ့ USB လေးတစ်ခုအတွက်နဲ့ သေတဲ့လူလည်း သေသွားပြီး ..အပ်ခဲ့တဲ့ပစ္စည်းကို လက်ခံထားရင်း သူဟာ အများရဲ့ဘုံရန်သူဘဝကိုရောက်လာခဲ့တယ်။
CIA ရဲ့ စိတ္တဇအလွတ်တန်းအေးဂျင့် လွိုက်ဆိုတဲ့လူကလည်း သူ့ကိုရဖို့ မြေလှန်ပြီးရှာနေသလို...ဘာကိုမှမမှုဘဲ သူ့နောက်ကိုသည်းကြီးမည်းကြီးလိုက်နေတယ်...
ပြောရရင် သူက တလောကလုံးနဲ့တစ်ယောက်လိုပဲ....
သူ အဲဒီလူတွေကို ဘယ်လိုဆက်ရင်ဆိုင်မလဲ ....?
LaLaLand မင်းသားချော Ryan Gosling ရဲ့ တည်ငြိမ်တဲ့သရုပ်ဆောင်ချက်တွေအပြက်...
Captain America တဖြစ်လဲ Chris Evan ပါ အပြိုင်ကျဲထားတဲ့ Action Thriller ကားလေးမို့...ကားကောင်းဆိုတာ ညွှန်းစရာလိုမယ်မထင်တော့ပါဘူးနော်။
IMBD 6.5 ရရှိထားပါတယ်။
ကြည့်ရှုအားပေးပါဦး။
Resolution ......720P & 1080P
File Size........... 900 MB& 1.5GB
Translated by Aeriel
Encoded by Zion