မထင်မှတ်ဘဲ စုံထောက်တစ်ယောက် ဖြစ်လာခဲ့ပေမဲ့ အလုပ်ရဲ့ အဓိပ္ပာယ်နဲ့ သူငယ်ချင်း သံယောဇဉ်ကို ရှာဖွေတွေ့ရှိသွားခဲ့တဲ့ တတိယမျိုးဆက် သူဌေးသား Jin I Su ဟာ ရဲတက္ကသိုလ်မှာ တရားဝင် သင်တန်းတက်ရောက်ပြီးနောက် အမှတ် (၁) ဓာတ်ကြီးပြစ်မှုများ ဌာနဆီ ရဲရဲဝံ့ဝံ့ ပြန်လည်ရောက်ရှိလို လာခဲ့ပါပြီ။
ဒါပေမဲ့ သူ့အတွက် အခြေအနေတွေက လွယ်ကူမနေခဲ့ပါဘူး။ ရဲတက္ကသိုလ် သင်တန်းတက်စဉ်က သူ့ကို ဆက်ဆက်ခါမျှ မညှာတမ်း နှိပ်စက်ခဲ့တဲ့ "နတ်ဆိုး နည်းပြ" မလေး Ju Hye Ra ဟာ အဖွဲရဲ့ အဖွဲခေါင်းဆောင်အသစ် ဖြစ်လာတဲ့အခါမှာတော့ သူတိုနှစ်ယောက်ကြားက ထိန်းမနိုင် သိမ်းမရ ပရမ်းပတာ ပူးပေါင်းဆောင်ရွက်မှုကြီး စတင်ပါတော့တယ်။
အမျိုးသား အကြမ်းဖက်နှိမ်နင်းရေး အဖွဲရဲ့ အေစ့်ဟောင်းတစ်ဦးဖြစ်သူ Ju Hye Ra ဟာ အဖွဲခေါင်းဆောင်အဖြစ် စိတ္တဇဆန်ဆန် စည်းကမ်းတကျ ကိုင်တွယ်ဖို ကြိုးစားမှာဖြစ်ပြီး၊ အကွက်ဆန်းတွေနဲ့ အနိုင်ယူတတ်တဲ့ Jin I Su ကတော့ သူ့မိသားစုရဲ့ မရေတွက်နိုင်တဲ့ စည်းစိမ်၊ အဆက်အသွယ်တွေအပြင် သာမန်အချိန်မှာ လျှောက်လုပ်ထားတဲ့ ဗဟုသုတ အရည်အချင်းတွေကို အသုံးချပြီး ဒုစရိုက်သမားတွေကို ထူးဆန်းဆန်းပြားပြား နှိမ်နင်းသွားဦးမှာပါ။
စိတ္တဇဆန်တဲ့ စည်းကမ်းနဲ့ သူဌေးသားရဲ့ အကွက်ဆန်းတွေ ဆုံတွေ့ကြတဲ့အခါ အတူတကွ ဖြေရှင်းကြမယ့် အမှုသစ်တွေက ဘယ်လောက်အထိ အူတက်အောင် ရယ်ရပြီး စိတ်လှုပ်ရှားဖို ကောင်းမလဲဆိုတာ မဖြစ်မနေ ရှုစားကြရမှာဖြစ်ပါတယ်
Translated by MMFILM KTeam
Encoded by KIRA